ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင် ပြည်သူ ၂၀၀ ကျော်ကို ထမင်းထုပ်များ လှူဒါန်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၉
ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က စေတနာ့ရှင်များ၏ထောက်ပံ့ကူညီလှူဒါန်းငွေများဖြင့်
ထမင်း၊ကြက်ဥကြော်၊ငါးခြောက်ကြော်၊မြေပဲဆံကြော် များဖြင့် ဒီပဲယင်းမြို့နယ်အတွင်း တိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူ ၂၀၀ ကျော်ကို ထမင်းထုပ်များ နေရာအနှံ့သို့ မျှဝေ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။