မြင်းခြံမြို့နယ်၊ ညောင်တိုပျူရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု ပျူ ၃ ဦးသေဆုံး၊ ၄ ဦးအရှင် ဖမ်းဆီး
ရန်ကုန်၊ ဇန်နဝါရီလ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်တိုပျူရွာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးအရှင်ဖမ်းဆီးထားကြောင်း Taloke PDF တပ်ဖွဲ့ခေါင်းဆောင် ကိုသိန်းမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာ ၃၀ ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က မြင်းခြံမြို့နယ်၊ ညောင်တိုပျူရွာစခန်းကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိခဲ့ကာ ကျန် အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ ထွက်ပြေးသွားကြောင်း၊ ဖမ်းမိသော ပျူစောထီး ၁၂ ဦးအနက် ၈ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၄ ဦးကို ဆက်လက် စစ်ဆေးနေကြာင်း သိရ သည်။
“ပျူ ၃ ဦးသေတယ်၊ ဖမ်းမိတာ ၁၂ ယောက်ကို ၈ ယောက်တော့ပြန်လွှတ်ပေးလိုက်တယ်၊ ၄ ယောက် က လက်နက်ကိုင်တဲ့ပျူတွေဖြစ်လို့ လိုအပ်တာတွေ စစ်ဆေးနေတယ်၊ ရွာရဲ့ အရှေ့တောင်ဘက်မှာ က ထွက်ပေါက်ကျန်တော့ ကျန်တဲ့ ပျူနဲ့ စခ ၁၅ ယောက်က ထွက်ပြေးသွားတယ်လို့ သိရတယ်၊ ရွာ ထဲက စခတွေနေတဲ့ နေရာတွေတော့ မီးရှို့ခဲ့တယ်၊ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တတော့ မရှိဘူး၊” ဟု Taloke PDF တပ်ဖွဲ့ခေါင်းဆောင် ကိုသိန်းမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၂ Taloke PDF တပ်ဖွဲ့မှ ဦးဆောင်ပြီး မြင်းခြံခရိုင် တပ် ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံမြို့နယ် ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ MGN 35 ၊ 8 Star ၊ BGF ၊ LACR ၊ FFGF ၊ အညာဖက်ဒရယ်၊ MP 9 ၊ မန္တလေးရိုင် တပ်ရင်း ၃ ၊ တပ်ရင်း ၅ ၊ တပ်ရင်း ၆ ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ၊ ကျေးရွာတပ်ပေါင်းစု (မြောင်) ၊ MS 9 Brothers ၊ သွေးသောက်၊ Wolf Brothers ၊ မြောင်ပလဖ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ ၊ CDSOM – 001 ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။