25 C
Yangon

အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးစွန့်ခွာ၊ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ ရှင်းလင်း

Must read

အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးစွန့်ခွာ၊ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ ရှင်းလင်း

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာရဲစခန်းမှ အကြမ်းဖက်စစ်သား၊ ရဲများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားပြီး ကျန်ရှိနေသော ရဲစခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း Indaw Revolution – IR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၃၀ ရက်ညနေပိုင်းက မဲဇာရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်းတော်မြို့၊ တပ်မ ၇၇ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးလာပြီး မဲဇာကျေးရွာ အရှေ့ဘက် ဟဲနုမြောက်ရွာအထိ လာရောက်ကြိုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခုလက်ရှိအချိန်တွင် တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်းမှာ မိုးယူရွာကို ရောက်ရှိနေကြောင်း၊ မဲဇာရဲစခန်းမှ ထွက်လာ သောစစ်ကောင်စီတပ်သားများမှာ အင်းတော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

“မဲဇာရဲစခန်းမှာက အင်အား ၃၀ လောက်ပဲရှိတာဆိုတော့ ဝင်တိုက်ခံရမှာကြောက်ပြီး အင်း‌ တော် ရဲစခန်းကို သွားပေါင်းတဲ့ သဘောပါ၊ မနေ့က ရဲစခန်းကို မြို့နယ်ပကဖအဖွဲ့တွေ ဝင်ရှင်းတော့ ဘာမှ မကျန်ခဲ့ဘူး၊ ကျည် ၃ တောင့်နဲ့ ဦးထုပ် တစ်လုံးပဲတွေ့တယ်၊ မနေ့က ရဲစခန်းကို မီးဝင်ရှို့တော့ လက် နက်ကြီးနဲ့ လှမ်းထုတာ အလယ် ဆိပ်ရွာက ရွာနှစ်ကောင်သေတယ်၊ ဒီနေ့မနက်လည်း အဲဒီမဲဇာရဲ စခန်းကို ပကဖတွေ ထပ်ဝင်မီးရှို့ သေးတယ်၊ အဲလိုမီးရှို့တဲ့အချိန်မှာ အင်းတော်မြို့ကနေ လက်နက် ကြီးနဲ့ လှမ်းသေးတယ်၊ လက်နက် ကြီးလှမ်းထုလို့ရတဲ့နေရာဆိုတော့ PDF တွေလည်း အထိုင်မချရဲ ဘူး” ဟု Indaw Revolution – IR တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ မဲဇာရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းစစ်ဆေးစဉ် အင်းတော်မြို့ စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မဲဇာစာသင်ကျောင်းနှင့် အလယ်ဆိပ်ရွာ အနီးသို့ ကျရောက်ပေါက်ကွဲပြီး အလယ်ဆိပ်ရွာမှ နွား ၂ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ်တွင် မဲဇာနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သဖြင့် မီးလောင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article