25 C
Yangon

ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းနှင့် ခမရ ၅၈၃ တပ်ရင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ၂ ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းနှင့် ခမရ ၅၈၃ တပ်ရင်းတို့ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ ကျောက်တံခါးမြို့နယ်တွင် စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ၂ ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းနှင့် ခမရ ၅၈၃ တပ်ရင်းတို့ကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း YGF-ရေးပြောက်ကျားတပ် (ဒေါနစစ်ကြောင်းတပ်ခွဲ-၃) ထံမှ သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၁၉ လက်အောက်ခံ ခမရ ၅၉၁ တပ်ရင်းနှင့် ခမရ ၅၈၃ တပ်ရင်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်၊ Drone များဖြင့် ၁ နာရီနီးပါး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ အကြမ်းဖက် စစ်ကောင်စီ စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ဒရုန်း ၂ စီး ဆုံးရှုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဝင်များက ကျောင်းရွာတစ်ဝိုက်နှင့် လမ်းမကြီးများအပေါ် နယ်‌မြေရှင်းလင်းရေး ၆ နာရီခန့်ပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့​ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို YGF-ရေးပြောက်ကျားတပ် (ဒေါနစစ်ကြောင်းတပ်ခွဲ-၃)နှင့် ပူးပေါင်းတပ်များဖြစ်သည့် ဒေါနစစ်ကြောင်း၊ MSRF၊ ABSDF တပ်ရင်း-၁၊ MSRO၊ YAF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ၂ ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကျောက်တံခါးမြို့နယ်၊ သဲဖြူနှင့် သဲကောရွာ အကြားတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ရိုးမ ၂ စစ်ကြောင်းမှ စနိုက်ပါဖြင့် ၂ ချက် ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိ သွားကြောင်း သိရှိသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကျောက်တံခါးမြို့နယ်၊ သဲဖြူနှင့် သဲကောရွာ အကြားတွင် စစ်ကူ စစ်​ကြောင်းကို ရိုးမ ၂ စစ်ကြောင်းမှ ထပ်မံပြီး စနိုက်ပါဖြင့် ၁ ချက် ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိချိန်ထိ နတ်သံကွင်းမြို့ကို အမှတ် ၂ စစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မဟာမိတ် တပ်ပေါင်းစုမှ ထိန်းချုပ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article