26 C
Yangon

အုတ်ဖိုမြို့နယ်တွင် KTV ဆိုင် ည ၁၀ နာရီ ဆိုင်ပိတ်မှုကို မကျေနပ်၍ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကား၊ KTV ဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲ

Must read

အုတ်ဖိုမြို့နယ်တွင် KTV ဆိုင် ည ၁၀ နာရီ ဆိုင်ပိတ်မှုကို မကျေနပ်၍ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကား၊ KTV ဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုတာဆုံတွင် ဖွင့်လှစ်ထားသော KTV ဆိုင် ည ၁၀ နာရီ ပိတ်သိမ်းမှုအပေါ် မကျေနပ်၍ စစ်ကောင်စီ၏ ခမရ ၆ စစ်တပ်မှ တပ်ရေးဗိုလ်ကြီးနှင့် အဖွဲ့က ရမ်းကားဆိုင်ပိုင်ရှင်၏အိမ်သို့ ဝင်ရောက်သေနတ်ဖောက် ခေါင်းရိုက်ခွဲခဲ့မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင် စစ်ကောင်စီ၏ ခမရတပ်မှ ၆ တပ်ရေးဗိုလ်ကြီးနှင့်အဖွဲ့က KTV ဆိုင်သို့ ရောက်ရှိ ပျော်ပါးစဉ် ည ၁၀ နာရီ ဆိုင်ပိတ်သွားကြောင်း၊ ယင်းသို့ ဆိုင်ပိတ်သည်ကို မကျေနပ်၍ ဆိုင်ပိုင်ရှင်နှင့် မိသားစုကို သေနတ်နှင့် ပစ်ခတ်ကြောင်း၊ ဆိုင်ပိုင်ရှင်၏ ဦးခေါင်းကို သေနတ်ဒင်နှင့် ထုကာ ရိုက်ခွဲခဲ့ကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်တွင် KTV ဆိုင်များကို ည ၁၀ နာရီတွင် ပိတ်ရန် အကြမ်းဖက် စစ်တပ်က အမိန့်ထုတ်ထား၍ ပုံမှန်အတိုင်း ဆိုင်ပိတ်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၆ မှ တပ်ရေးဗိုလ်ကြီးနှင့် ဇနီး၊ ရုံးအုပ်၊ စာရေး၊ တပ်ကြပ်ကြီး ဝင်းသူရ တို့က နှစ်သစ်ကူးည ည ၁၀ နာရီ ဆိုင်ပိတ်ရမလားဟုဆိုကာ ပြဿနာရှာ ရမ်းကား အနိုင်ကျင့်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ဗိုလ်က အရမ်းအနိုင်ကျင့်နေတာ။ KTV တွေ ည ၁၀ နာရီပိတ်ဆို အမိန့်ထုတ်ထားတော့ ပိတ်တာကို တပ်ရေးဗိုလ်ကြီးက ပြဿနာရှာတာ။ KTV နဲ့ တပ်ပြန်တဲ့ လမ်းမှာ ပိုင်ရှင်အိမ်ရှိပါတယ်။ ဘာဂျာတံခါးလည်း ပိတ်ထားပါတယ်။ အဲဒါ အတင်းဖွင့်ခိုင်းပြီး သေနတ်နဲ့ချိန် တစ်ချက်ပစ်ပါသေးတယ်။ ကလေးတွေ ဒူးထောက်ခိုင်းပြီး ကန်တယ်။ KTV ဆိုင်ပိုင်ရှင်ကိုတော့ သေနတ်ဒင်နဲ့ ဝိုင်းထုပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပြသည်။

စစ်တပ်မှ တပ်ရေးဗိုလ်ကြီးက KTV ပိုင်ရှင်၏နေအိမ်သို့ ဝင်ရောက်ရမ်းကားစဉ် ဆိုင်ပိုင်ရှင်၏ သားသမီးများမှာ နယူးရီးယားအော်ရန်အတွက် ညမအိပ်ဘဲ ဟော့ပေါ့လုပ်စားနေကြကြောင်း၊ အိမ် တံခါးပိတ်ထားကြောင်း၊ စစ်ဗိုလ်နှင့်အဖွဲ့က တံခါးအတင်းဖွင့်ခိုင်းကာ KTV ပိုင်ရှင်နှင့်မိသားစုကို ရိုက်နှက်ကန်ကျောက်ရိုက်နှက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article