26 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂

KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်အတွင်း၌ ဒီဇင်ဘာလ အတွင်း တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးကာ ၅၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU မူတြော်ခရိုင် က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ KNLA-အမှတ် ၅ တပ်မဟာနှင့် အကြမ်းဖက် စစ်ကောင်စီကြား တိုက်ပွဲပေါင်း ၈၉ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး ကာ ၅၇ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရရှိသူများတွင် တပ်ကြပ်ကြီးတစ်ဦးပါဝင် ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီအတွက် အရေးပါသည့် တပ်စခန်း ၂ ခုကို သိမ်းယူနိုင်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီ၏ စစ်တဲစခန်း ၁၃ လုံး မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီ၏ မြင်း၊ လား ၆ ကောင် ကို အရှင်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း KNLA တပ်မဟာမှ တပ်ဖွဲ့ဝင် ၆ ဦးတိုင်းပြည်နှင့်လူမျိုးများ အတွက်အသက် ပေးလှူခဲ့ရကာ ၄၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။သည်။

ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီမှ မူတြော်ခရိုင်၊ လူသောမြောက်ပိုင်းဒေသ အတွင်းရှိ ကျေးရွာ များအတွင်းသို့ တိုက်လေယာဉ်ဖြင့် ၉ ကြိမ်လာရောက်ကာ အကြီးစားဗုံးသီး ၃ လုံးကျဲချပြီး မြေပြင်မှ အမြောက်ကြီးများဖြင့်လည်း တမင်ရည်ရွယ်ချက်ရှိရှိ ၄၂ လုံး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး နေအိမ် ၄ လုံး၊ ဘုရားကျောင်း ၁ လုံး၊ ညဝတ်ပြုဆုတောင်းရာ အဆောင် ၁ ဆောင်၊ စပါးကျီ ၁ လုံး၊ ဆိုင်ကယ် ၁ စီး နှင့် စက်လှေ ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article