Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှ အရှေ့တောင်အာရှရဲ့ အကြီးဆုံးအွန်လိုင်းငွေလိမ်လည်တဲ့ အဖွဲ့ခေါင်းဆောင်တွေကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ပြောင်းရွှေ့ပေးကာ ကာကွယ်ပေးနေတယ်လို့ MNDAA စစ်ဦးစီးချုပ်က ပြောဆိုလိုက်ပါတယ်။
– ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုတာဆုံမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်ဟာ ည ၁၀ နာရီမှာ ပိတ်လိုက် တာနဲ့ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ခမရ ၆ မှ တပ်ရေးဗိုလ်ကြီးနဲ့အဖွဲ့က ဆိုင်ရှင်အိမ်ကို သေနတ်ပစ်ဖောက်ဝင်ရောက်ကာ KTV ပိုင်ရှင်ရဲ့ ခေါင်းကို ရိုက်ခွဲခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
– ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနအိမ်ရာအတွင်းကို အကြမ်းဖက်စစ်တပ်က အိမ်စီးကား ၁၀ စီးကျော်နဲ့ ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။