26 C
Yangon

ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထား

Must read

ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်က မတရား ဖမ်းဆီးထား

ရန်ကုန်၊ ဇန်နဝါရီ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ ပြည်သူ ၃၀ ဦးဝန်းကျင်းကို စစ်ကောင်စီတပ်က မတရားဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ ဒေသခံပြည်သူ ၃၀ ဦး၀န်းကျင်ကို စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးရင်း ဖမ်းဆီးသွားခဲ့ကြောင်း၊ ရေဦးမြို့နယ် ကုက္ကိုစုကျေးရွာမှ ခင်ဦးမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့က အင်တိုင်း(မ)ရွာနှင့် မြင်းဒေါင်းရွာ မှ ဒေသပြည်သူ ၃၀ ဦး၀န်းကျင်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံရသော ဒေသခံများမှာ ရေဦး-ခင်ဦး ကားလမ်းဘေးရှိ အင်တိုင်း(မြောက်)ရွာနှင့် မြင်းဒေါင်း ကျေးရွာများမှ ဖြစ်ပြီး သက်ကြီးရွယ်အိုများ ၊အမျိုးသမီးများ ကလေးသူငယ်များ အပါအဝင် ယာတောများတွင် တောင်သူလုပ်နေသူများပါ ရုတ်တရက် ဖမ်းဆီး ခြင်းခံခဲ့ရကြောင်း သိရပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် မြင်းဒေါင်း၊မကျီးအုပ်၊သရက်ပင်စု၊ယာတော်၊ကားဆိပ်၊အင်တိုင်း(မ)

စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ အနွေးထည်၊စောင်နှင့် စား၀တ်နေရေးပါ အခက်အခဲ

ဖြစ်နေကြရကြောင်း သိရှိရသည်။

ယမန်နေ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် တပ်စွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ်ထဲသို့ ဝင်ရောက်လာသဖြင့် ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့ နံနက်အစောပိုင်း ရေဦးမြို့မှ စစ်တပ် အင်အား ၈၀ ခန့်က ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းရှိ အင်တိုင်းလေး၊ ကားဆိပ်၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ်၊ ရွာသစ်ကုန်း စသည့် ကျေးရွာများမှ ပြည်သူများ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

“အရင်တုန်းက ခင်ဦးမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ ပျူစောထီးရွာ ၄ရွာနှင့် တပ်စွဲထားတဲ့ ကင်းစခန်း ၂ ခု ရှိပါတယ်။ နိုဝင်ဘာလကတည်းက တပ်စွဲထားတဲ့ ပျူစောထီးရွာ တစ်ရွာနဲ့ ကင်းစခန်း နှစ်ခု ကိုစွန့်ခွာသွားခဲ့ကြတယ်။ အခုအခါ ကျန်ရှိနေတဲ့ ပျူစောထီးကျေးရွာ ၃ရွာအနက်မှ ပျဉ်ထောင်ပျူစောထီးကျေးရွာကို ဒီစစ်ကြောင်းက ထောက်ပို့သွားတာဖြစ်နိုင်ပါတယ်။ ပြည်သူတွေက အကုန်ပြေးနေရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ယမန်နေ့တွင် ပြောဆိုခဲ့သည်။

ဓာတ်ပုံ- ဖယ်ခုံမြို့မှ ပြည်သူများကို ယမန်နှစ် စစ်တပ်က ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article