25 C
Yangon

မြိုင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဖောင်းပြင်မြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ပစ်ခတ်မှုကြောင့် ပြည်သူ ၇ ဦးဒဏ်ရာရ

Must read

မြိုင်နှင့် ရေစကြို အစပ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဖောင်းပြင်မြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ပစ်ခတ်မှုကြောင့် ပြည်သူ ၇ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် Mi-35 ရဟတ်ယဥ် ၁ စီးသည် မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ် အစပ်ရှိ ရှင်မတောင်အနီးတစ်ဝိုက်ကို လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရှင်မတောင်အနောက်ဘက်ရှိ ရေစကြိုမြို့နယ်၊ ကံပေါက်ရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးတွေက ရွာအရှေ့ဘက်ကို ကျတာ လက်နက်သေးတွေက ရွာအရှေ့ပိုင်းက အိမ်တွေ မှန်တယ်လို့သိရတယ်။ ပြည်သူတွေ အထိအခိုက်တော့မရှိဘူး။ ရှင်မတောင်ပေါ်က စစ်ခွေး အထိုင်တပ်ကို ရိက္ခာလာပို့တဲ့

စစ်ကြောင်းရှိတာ အဲ့ဒါကို ဖြတ်တိုက်က်မှာစိုးလို့ လေကြောင်းနဲ့ အကွယ်ယူပြီး ပစ်တာပေါ့” We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ပစ်ခတ်မှုကြောင့် ပြည်သူ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ဟုမ္မလင်းမြို့မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ mi-2 ရဟတ်ယာဥ်သည် ဖောင်းပြင်မြို့နယ် မင်းယားရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၃ လုံး သရောင်းရွာထဲကို ၇ လုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂ မိနစ်ခန့်တွင်ဖောင်းပြင်မြို့နယ်၊ အင်ကုန်းရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် ဆွမ်းလာကပ်သည့် အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦးနှင့် ကလေးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article