25 C
Yangon

ဟိုပန်မြို့ ရဲစခန်း၊ ဆေးရုံ၊ ထွေအုပ်ရုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်လိုက်ပြီး ခလရ ၁၄၅ တပ်ဘက်သို့ မဟာမိတ်တပ်များ ချီတက်နေ

Must read

ဟိုပန်မြို့ ရဲစခန်း၊ ဆေးရုံ၊ ထွေအုပ်ရုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်လိုက်ပြီး ခလရ ၁၄၅ တပ်ဘက်သို့ မဟာမိတ်တပ်များ ချီတက်နေ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ရှိ ရဲစခန်းနှင့် ထွေ/အုပ်ရုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ခလရ ၁၄၅ တပ်ထံသို့ မဟာမိတ်တပ်များက ချီတက်နေပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီအချိန် ညီနောင် မဟာမိတ် ၃ ဖွဲ့က ဟိုပန်မြို့အတွင်းသို့ ဝင်ရောက်လာပြီး ဟိုပန်မြို့ ရဲစခန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဟိုပန်မြို့ထဲတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စိုးမိုးကင်းလှည့်နေပြီး ရဲစခန်းကိုလည်း ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

“ဟိုပန်မြို့မှာ မနက် ၃နာရီဝန်းကျင်တည်းက ညီနောင်သုံးဖွဲ့ ဝင်ရောက်ထိုးစစ်ဆင်နေပါတယ်။ မြို့တခုလုံးကိုထိန်းချုပ်ထားနိုင်တဲ့အခြေနေမျိုးဖြစ်သွားပါပြီ။ ဟိုပန်ရဲစခန်းလည်း မနက်အစောပိုင်းမှာပဲ ကျသွားပြီ။ အခု တပ်တွေက ၁၄၅ တပ်ဘက်ကိုသွားနေကြပါတယ်” ဟု

လတ်တလော ဟိုပန်မြို့ထဲတွင် MNDAA တပ်များ ရှိနေပြီး သိမ်းပိုက်ထားသော ရဲစခန်း၊ ဆေးရုံ၊ ထွေ/အုပ်ရုံးများတွင် စောင့်ကြပ်နေကြောင်း၊ မြို့တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဟိုပန်မြို့ထဲသို့ မဟာမိတ် ညီနောင် ၃ ဖွဲ့ ဝင်ရောက်လာစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article