25 C
Yangon

တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီး

Must read

တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၇ မိနစ်တွင် တန့်ဆည်မြို့နယ်၊ စိန်းနန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က YAK-130 တိုက်ခိုက်ရေး ဂျက်ဖိုက်တာဖြင့် ပေါင် ၂ဝဝ ဗုံး ၂ လုံး၊ rocket ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ ၉ ဦး ဒဏ်ရာရကာ ၂ ဦးမှာ စိုးရိမ်အနေအထားဖြင့် အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး လူနေအိမ် ၅ လုံး၊ ကျောင်း ဘော်ဒါဆောင်၂ ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပြည်သူ ၅ ဦးမှာ အသက် ၅ နှစ်အရွယ် အောင်ထက်မြက်အောင်၊ အသက် ၅၃ နှစ်အရွယ် ဒေါ်မိဖွေး၊ အသက် ၄၇ နှစ်အရွယ် မမိုးအေး၊ အသက် ၂၇ နှစ်အရွယ် မဇင်နွယ်ထွန်း၊ အသက် ၂၃ နှစ်အရွယ် နိုင်နိုင်ထွန်းတို့ ဖြစ်ကြောင်း သိရှိရသည်။

ထိခိုက် ဒဏ်ရာရရှိသူ ၉ ဦးမှာ အသက် ၇၀ အရွယ် ဒေါ်မင်းလယ်၊ အသက် ၅၀ အရွယ် ဒေါ်သိန်းရ၊ အသက် ၂၇ နှစ်အရွယ် မဥမ္မာဝင်း၊ အသက် ၄၇ နှစ်အရွယ် မမိုးခိုင်၊ အသက် ၆ နှစ်အရွယ် နန်းကိုဦး၊ အသက် ၃၁ နှစ်အရွယ် အေးအေးအောင်၊ အသက် ၅၀ အရွယ် ဒေါ်ချိုဝင်း၊ အသက် ၇၀ အရွယ် ဒေါ်ခင်မိနှင့် အသက် ၁၀ နှစ်အရွယ် ဖြိုးထက်အောင်တို့ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နွား၂ ကောင်နှင့် ဝက် ၅ ကောင် သေဆုံးခဲ့ပြီး နေအိမ် ၅ လုံး ပျက်စီးပြီး ၁ လုံး ပြာကျကာ ကျောင်းဘော်ဒါဆောင်၂ ဆောင် ဘုန်းကြီးကျောင်း ကားဂိုဒေါင် စာသင်ကျောင်းတံတိုင်း ပျက်စီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article