32 C
Yangon

မင်းတပ်မြို့ တိုက်ပွဲတွင် စနိုက်ပါ ထိမှန်ခဲ့သော ဗိုလ်မှူး ၁ ဦး သေဆုံး၊ ယင်းမာပင်မြို့ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မင်းတပ်မြို့ တိုက်ပွဲတွင် စနိုက်ပါ ထိမှန်ခဲ့သော ဗိုလ်မှူး ၁ ဦး သေဆုံး၊ ယင်းမာပင်မြို့ရှိ စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၅

ချင်းပြည်နယ်၊ မင်းတပ်မြို့ တိုက်ပွဲတွင် စနိုက်ပါ ထိမှန်ခဲ့သော ဗိုလ်မှူး ၁ ဦးသေဆုံးသွားကြောင်း Chin Defence Force -Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး စနိုက်ပါ ထိမှန်ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးသွားကြောင်း သိရသည်။

“အခု အတည်ပြုနိုင်တာက စနိုက်ပါထိတဲ့ ဗိုလ်မှူး ၁ ဦး သေတယ်လို့ သိရတယ်” ဟု Chin Defence Force -Mindat မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီထိ ယင်းမာပင်မြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ဆေးရုံတို့ကို Chindwin Toe Na Yar တပ်ဖွဲ့က ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article