30 C
Yangon

မိုးမိတ်မြို့နယ်၊ ဆင်ကင် (ကျန်ကန်) တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး စစ်သားများ ထွက်ပြေး၊ မိုးမိတ်မြို့သိမ်း တိုက်ပွဲ မကြာမီ လာမည်ဟု ဒေသခံများ ပြောဆို

Must read

မိုးမိတ်မြို့နယ်၊ ဆင်ကင် (ကျန်ကန်) တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိပြီး စစ်သားများ ထွက်ပြေး၊ မိုးမိတ်မြို့သိမ်း တိုက်ပွဲ မကြာမီ လာမည်ဟု ဒေသခံများ ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ကျန်ကန်တပ်စခန်းကို ယနေ့ TNLA က သိမ်း ပိုက် ရရှိကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မိုးမိတ်မြိုနယ် စစ်ကောင် စီ စကခ-၂၁ နှင့် ခလရ-၂၂၃ အခြေချတပ်စွဲထားသည့် ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ကျန်ကန်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ၃ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၃ ရက်ကြာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း ၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်ကောင်စီ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင် စီ မိုးမိတ်တပ်စခန်းက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၁၇ ကြိမ် နှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter ၂ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“မိုးမိတ်ရဲ့ အဓိကဝင်ပေါက် စစ်ကောင်စီ ဆင်ကင်တပ် စခန်းကို တအာင်းတပ်မတော် PSLF/TNLAက ဒီနေ့ သိမ်းပိုက်တယ်။ စစ်ခွေးတွေ ထွက်ပြေးတယ်။ ဆင်ကင်တပ်စခန်းက မန်တုံကနေ ဝင်တဲ့လမ်းပေါ်မှာ ရှိတဲ့ အဓိကနေရာပါ။ မကြာခင် မိုးမိတ်သိမ်းပိုက်ရရှိတော့မယ်လို့ ထင်ပါတယ်” ဟု မိုးမိတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article