36 C
Yangon

ဝန်းသိုမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည့် ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ၊ စစ်ကောင်စီ တပ်သားများက ပြည်သူများကို သတ်ဖြတ်ပြီး ကားနှင့် စပါးများ ယူဆောင်သွား

Must read

ဝန်းသိုမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားသည့် ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိ၊ စစ်ကောင်စီ တပ်သားများက ပြည်သူများကို သတ်ဖြတ်ပြီး ကားနှင့် စပါးများ ယူဆောင်သွား

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဒေသအခေါ် ၅ မိုင်တွင် အကြမ်းဖက် စစ်တပ် က ဖမ်းဆီးသတ်ဖြတ်ထားသော ပြည်သူ ၁၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း Kawlin Revolution – KR အဖွဲ့ ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဒေသအခေါ် ၅ မိုင်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ထားသော ပြည်သူအလောင်း ၁၉ လောင်းကိုတွေ့ရှိခဲ့ပြီး အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ကြောင်း၊ ၎င်းတို့ ၁၉ ဦးအနက် ကောလင်းမြို့နေ စပါးပွဲစား ဒေါ်ခင်စိန်၊ ဦးသိန်းဌေး၊ ဦးဟိန်းဇော်၊ ဦးထွန်းဇော်လှိုင် နှင့် ဦးငထွန်းတို့သာ အတည်ပြုနိုင်သေးပြီး ကျန်သူများမှာ မည်သူ မည်ဝါအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က ဝန်းသိုမြို့ ခမရ ၁၂၀ တပ်အနီး လေဘိုကျေးရွာ၊ ဒေသအခေါ် ကျောက်စိမ်း ဘုရားအနီးတွင် စပါးကုန်သည်များနှင့် ကားသမားများကို အကြမ်းဖက်စစ်ကောင်စီတပ်က ခမရ ၁၂၀ တပ်အတွင်းသို့ ဖမ်းဆီးသွားပြီး ပြည်သူများ၏ ကားများကိုလည်း ယူဆောင်သွားကာ စပါးများကိုလည်း ဝန်သိုမြို့အတွင်းရှိ ဆန်စက်သို့ပို့ဆောင်ကာ ကြိတ် ခွဲပြီး ဆန်ထုတ်ယူသွားကြောင်း သိရသည်။

ထို့နောက် စပါးကုန်သည်နှင့် ကားသမားများကို ပစ်ခတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ရုပ်လောင်းများတွင် ရင်ဘတ် နှင့် ဦးခေါင်းတို့၌ သေနတ် ဒဏ်ရာများတွေ့ရှိပြီး အလောင်း များအနီးတွင်လည်း ကပစ ထတ်ု ၅ ဒသမ ၅၆ ကျည်ဆံအခွံများ တွေ့ရှိခဲ့ကြောင်း၊ ထို့အပြင် သေဆုံး သူ ရုပ်အလောင်းများ၌ ခြေကျင်းဝတ်နှင့် လက်ပြန်ကြိုးတုပ်လျက်အနေအထား တွေ့ရှိရကြောင်း Kawlin Revolution – KR က ထုတ်ပြန်ထားသည်

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article