25 C
Yangon

ရန်ကုန်မြို့၊ အင်းစိန်ထောင်အနီးရှိ စစ်တပ်၏ ဘန်ကာကို ဖောက်ခွဲ တိုက်ခိုက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွား

Must read

ရန်ကုန်မြို့၊ အင်းစိန်ထောင်အနီးရှိ စစ်တပ်၏ ဘန်ကာကို ဖောက်ခွဲ တိုက်ခိုက်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွား

ရန်ကုန်၊ ဇန်နဝါရီ ၈

ရန်ကုန်မြို့၊ အင်းစိန်ထောင်အနီးရှိ အကြမ်းဖက် စစ်တပ်၏ ဘန်ကာကို ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း Myanmar People Revolutionary Army UG Team (MPRA) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့ MPRA အဖွဲ့မှ ရဲဘော်များက “ငါတို့မြို့ငါတယ်ပိုင်တယ် နှစ်သစ်အကြို” မစ်ရှင် အဖြစ် အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်အနီး ပေါက်တော၀ရှိ အကြမ်းဖက် စစ်တပ်၏ ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဘန်ကာကို Jammer များဖြင့် ခုခံထားသောကြောင့် MPRA မှ ရဲဘော်တချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Myanmar People Revolutionary Army UG Team သည်မြို့ပြတွင် ဆက် လက် ရက်တည်ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ပြတ် အစဥ်တစိုက် တော် လှန်တိုက်ခိုက်ပြီး ညီနောင်များကို စောင့်ကြိုနေကြောင်း၊ ပြည်သူလူထုနှင့် ညီနောင်မဟာမိတ် တော်လှန်အဖွဲ့စည်းများကို အသိပေး​အပ်ကြောင်း MPRA ကထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ခန့်၌ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၆၂၊ ၆၃၊ ၆၅ ရပ်ကွက်မှ ပေါက် ကွဲသံများကို ကြားရကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article