26 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီရဲ့ စက်သုံးဆီချွေတာရေးအစီအစဉ်အရ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့မှာ စုံရက်နဲ့ မရက်ကားနံပါတ်အလိုက် မောင်းနှင်ခြင်းမရှိသူတွေကို ထောင်ဒဏ် (၁) လနဲ့ ငွေဒဏ် ကျပ် (၂) သောင်း ဒဏ်နှစ်ရပ်လုံး ချမှတ်အရေးယူရန် လျှို့ဝှက်အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့ ဗိုလ်မှူး ၁ ဦးကို လာသယ်တဲ့ Mi-17 ရဟတ်ယာဉ် ၁ စီး လာရောက်တဲ့အချိန် KIA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ရဟတ်ယာဉ်ရဲ့ ဆီကန်ကိုထိမှန်သွားတဲ့အတွက် ရွှေကူမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ KIA စစ်ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်စံတော်ချိန် မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာ တံခါးပိတ်အစည်းအဝေးတစ်ရပ် ကျင်းပသွား မယ်လို့ သိရပါတယ်။

အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲသာ နောက်ထပ်ရက်သတ္တပတ်အနည်းငယ်လောက် ထပ်ကြာ သွားမယ်ဆိုရင် ပင်လယ်ကွေ့ဒေသတစ်ခုလုံးရဲ့ စွမ်းအင်တင်ပို့မှုတွေ ရပ်ဆိုင်းသွားနိုင်ပြီး ကမ္ဘာ့စီးပွားရေးဈေးကွက်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်တယ်လို့ ကာတာစွမ်းအင်ဝန်ကြီး ဆာဒ်အယ်လ်ကာဘီက သတိပေးလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article