Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီ အစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-လောက်ကိုင်မှာ လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးကို အမိန့်မနာခံမှု၊ ပုန်ကန်မှု၊ တာဝန် မကျေပွန်မှုတွေ အရေးယူမှာဖြစ်တဲ့အပြင် ၊ အဲ့ဒီ့ ဗိုလ်မှုးချုပ် ၆ ဦးက လက်နက်ချပြီး တိုင်းရင်းသား တပ်တွေနဲ့ ထမင်းလက်ဆုံစားတာတွေ ၊ အရက်အတူတူသောက်တာတွေကိုပါ မင်းအောင်လှိုင်က အကြီးကျယ် စိတ်ဆိုးနေတယ်လို့နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရှမ်းပြည်မြောက်ပိုင်းက ကွတ်ခိုင်မြို့နဲ့ သိန်းနီမြို့တို့ကို TNLA က အပြီးသတ် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ညီနောင်မဟာမိတ် ဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်မြို့နယ် နဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ၊စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေရှိတဲ့နေရာမတွေကိုပါ လေကြောင်း ကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် TNEC ကျောင်းဆရာမ ၃ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။