28.8 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် ညိုစော၊ အောင်လင်းဒွေး၊ တင်အောင်စန်း၊ မြထွန်းဦးတို့ အပါအဝင် လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ကြံ့ဖွတ်ပါတီဌာနချုပ်ကို လာရောက်ပြီး ပထမဆုံးအကြိမ်အဖြစ် စုစည်းလူလုံးထွက်ပြခဲ့တယ်လို့ ကြံ့ဖွတ်ပါတီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

-ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့အချိန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့သလို တော်လှန်ရေးရဲဘော် ၁၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ပွဲတွေ၊ ပြည်တွင်းပဋိပက္ခတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းက ပိုပြီး ဆိုးရွားလာနေပြီး ၂၀၂၆ ခုနှစ်အတွက် အရေးပေါ် အမေရိကန်ဒေါ်လာ ၈၉၀ သန်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။

လောင်စာဆီဈေးတွေ တက်ကုန်လို့ လေယာဉ်လက်မှတ်ခတွေလည်း စျေးလိုက်တက်တော့မယ်လို့ လေကြောင်းလိုင်းတွေက ကြေညာလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article