Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ၊ ခမ်းပတ်မြို့အနီးက ကနန်-ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက် လေယာဉ်နဲ့ ဗုံးကျဲမှုအတွင်း သေးဆုံးခဲ့ရတဲ့ ကလေးငယ် ၆ ဦး အပါအဝင် အရပ်သား ပြည်သူ ၁၇ ဦးကို..ဇန်နဝါရီလ ၇ ရက်နေ့ဖြစ်တဲ့ မနေ့က မွန်းလွဲပိုင်းမှာပဲ နေ့ချင်းပြီး သဂြိုလ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
– ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူတွေ နေတဲ့ နေရာတွေဘက်ကို လေကြောင်း ကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတဲ့အတွက် ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရတာတွေရှိနေတဲ့အပြင် ၊ စစ်တွေနဲ့ အမ်းမြို့နယ်ဘက်မှာလည်း ကလေးတွေ အပါအဝင် ပြည်သူ အယောက် ၇၀ လောက်ကို အကြမ်း ဖက် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
– ပဲခူးမြို့က အကြမ်းဖက်စစ်တပ် လက်အောက်ခံ အမှတ် ၂ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ ကနေ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation – USO တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦး ကပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။