30 C
Yangon

ရခိုင်နှင့်ပလက်၀ တွင် စစ်ကောင်စီတပ်များကို AA က မိတ်ဖက် မဟာမိတ် တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်

Must read

ရခိုင်နှင့်ပလက်၀ တွင် စစ်ကောင်စီတပ်များကို AA က မိတ်ဖက် မဟာမိတ် တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်

ရန်ကုန်| ဇန်နဝါရီ ၉

ရခိုင်ပြည်နယ်တွင် ပြည်သများကို နှစ်ရှည်လများ ဒုက္ခပေးနေသော အာဏာ သိမ်း စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA က မိတ်ဖက် မဟာမိတ် တပ် များ နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေကြောင်း AAက တရားဝင် ထုတ်ပြန် ပြောဆိုသည်။

ရခိုင်နှင့် ပလက်ဝဒေသက စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာလ ၁၃ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ အစော ပိုင်းအထိ AA က မိတ်ဖက်တပ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း မရှိခဲ့သော် လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်ကစ၍ ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်း သိမ်းပိုက် နိုင်ရေး တိုက်ခိုက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းတချို့မှ ရဲဘော်များဖြင့် ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း AA က ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

AA က မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းကြောင့် တင်းမကျေးရွာရှိ စစ်ကောင်စီ တောင်ရှည်တောင်ဗျူဟာကုန်းကို ဇန်နဝါရီလ ၆ ရက်နေ့ ညနေ ၉ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။

ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းကို သိမ်းပိုက်ရာတွင် စစ်ကောင် စီ တပ်သားများ တစ်ယောက်မကျန် လက်နက်ချအညံ့ခံ၍ သိမ်းပိုက် ခဲ့ပြီး နောက် လက်နက်ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

ပလက်ဝဒေသတွင်လည်း စစ်ကောင်စီစခန်းများကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေရာတွင် စစ်ကောင်စီတပ်သားအများအပြား စခန်းစွန့်ခွာ ထွက် ပြေးနေ၍ AA အနေဖြင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF နှင့် ပူးပေါင်းပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း MDF က သတင်းထုတ်ပြန်ထားသည်။

ချင်းလက်ဝ စခန်းကုန်းကို ဇန်နဝါရီလ ၂ ရက်နေ့က AA မှ အပြီးသတ် သိမ်းပိုက် ပြီးနောက် စစ်ကောင်စီတပ်သား ၉၀ ဦးထက်မနည်း စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်။

ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို AA နှင့် မရာလဲန်းကာကွယ် ရေး တပ်ဖွဲ့ MDF မှ လိုက်လံရှင်းလင်းနေရာ ဇန်နဝါရီလ ၆ ရက်နေ့အထိ စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးပြီး ၁၁ ဦးကို ဖမ်းမိထားကြောင်းနှင့် ၇၀ ကျော် မှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည်ဟု MDF က ဆိုသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းတိုက်ခိုက်နေသည်ဟု AA က ပြောဆို သော် လည်း မည်သည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်းတိုက်ခိုက်နေသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ရက္ခိုင့်တပ်တော် AA ကမူ ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ် MNDAA, တအောင်းတပ် TNLA တို့ဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ထုတ်နေပြီး၊ ကချင်ပြည်နယ်တွင် KIA တပ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်းနှင့် စစ် ကိုင်း တိုင်းဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ဖြင့် ပူးပေါင်း တိုက် ခိုက်နေခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article