33 C
Yangon

MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြမှု အကြံဆိုးဖြင့် ဘာ သာ ရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ရန် လှုံ့ဆော်မှုကို အရေးယူမည်

Must read

MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြမှု အကြံဆိုးဖြင့် ဘာ သာ ရေးနှင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ရန် လှုံ့ဆော်မှုကို အရေးယူမည်

■ ဘာသာရေးလွတ်လပ်မှုကို လေးစားရန်နှင့် ဘာသာရေး အဆောက် အအုံ များကို အလေးထား အကာ အကွယ်ပေးရန် MNDAA က ညွှန်ကြားထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၉

လောက်ကိုင်တွင် ကိုးကန့် MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြကာ အကြံဆိုးဖြင့် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်ရန် လှုံ့ဆော်မှု ကို MNDAA က အရေးယူမည်ဖြစ်ကြောင်း၊ MNDAA အနေဖြင့် လွတ်လပ် သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာ ရေးအဆောက် အအုံဖျက်ဆီးရန်အမိန့်ပေးခြင်းများလုံးဝမရှိခဲ့ကြောင်း MNDAA က တရားဝင် ကြေညာသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် MNDAA စစ်ယူနီဖောင်းဝတ်ဆင်ထားသော လူငယ်တစ်ဦး သည် ဗုဒ္ဓဘာသာဘုရားတစ်ဆူကို သံတူဖြင့် ရိုက်ထုနေသော ဗီဒီယိုဖိုင် သည် မီဒီယာပလက်ဖောင်းပေါ်တွင် ပျံ့နှံ့ခဲ့ကြောင်း၊ ၎င်းဗီဒီယိုဖိုင် ကြောင့် ပြည်သူလူထုက MNDAA အပေါ် နားလည်မှုလွဲမှားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ပြင် အကြံဆိုးရှိသူများမှ ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်မှု များကိုတားမြစ်ရန်နှင့် ဗုဒ္ဓဘာသာဝင်များက ၎င်းဗီဒီယိုကြောင့် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရန် မြန်မာအမျိုးသား ဒီမိုကရက် တစ်မဟာမိတ် တပ်မတော် စစ်ရေးကော်မတီက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

သံတူဖြင့် ဘုရားစေတီတော်ကိုရိုက်ထုခြင်းသည် MNDAAက အမိန့်ပေးခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လုပ်ရပ်ဖြစ်ကြောင်း၊လက်အောက်ငယ်သား၏ တပ် စည်း မျဉ်းစည်းကမ်း ညံ့ဖျင်းမှုနှင့် အရည်အချင်းမရှိသောလုပ်ဆောင်မှုအတွက် လွန်စွာတောင်းပန်အပ်ကြောင်း၊ MNDAA အဖွဲ့အနေဖြင့် လွတ်လပ်သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးများ ဆန့်ကျင်ခြင်း နှင့် ဘာသာရေး အဆောက်အအုံ ဖျက်ဆီးရန် အမိန့်ပေးခြင်း များလုံးဝ မရှိခဲ့ ကြောင်း ကြေညာထားသည်။

MNDAA စစ်ရေးကော်မတီက ယင်းကိစ္စအတွက် သက်ဆိုင်ရာဌာနကို တာဝန် ပေးထားပြီး တရားခံကို အရေးယူအပြစ်ပေးရန် ညွှန်ကြားထားကြောင်း၊ MNDAA အရာရှိနှင့် စစ်သည် တော်အားလုံးများအနေဖြင့် ဘာသာရေး လွတ် လပ်မှု ကိုလေးစားရန်နှင့် ဘာသာရေးအဆောက်အအုံများကို အလေးထား အကာ အကွယ်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article