27 C
Yangon

စစ်တပ်တွင် တပ်ပြေးများနှင့် အညံ့ခံ လက်နက်ချသူများ များပြားလာ သည့် အတွက် မင်းအောင်လှိုင်က စစ်သားများကို လစာအပြင် သက်စွန့်စရိတ် ၁ သိန်း တိုးပြီး မက်လုံးပေး ဆွဲဆောင်ပြန်

Must read

စစ်တပ်တွင် တပ်ပြေးများနှင့် အညံ့ခံ လက်နက်ချသူများ များပြားလာ သည့် အတွက် မင်းအောင်လှိုင်က စစ်သားများကို လစာအပြင် သက်စွန့်စရိတ် ၁ သိန်း တိုးပြီး မက်လုံးပေး ဆွဲဆောင်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

နိုင်ငံတစ်ဝန်းရှိ စစ်တပ်များတွင် တပ်ပြေးနှင့် လက်နက်ချ အညံ့ခံသူများပြား ချိန်တွင် မင်းအောင်လှိုင်က စစ်သားများကို လစာ အပြင်သက်စွန့်စရိတ် ၁ သိန်း ထပ်တိုးပေးလိုက်သည့် မက်လုံးဖြင့် စစ်သားများ ရရှိရေး ဆွဲဆောင်လာ ကြောင်း တပ်တွင်း အသိုင်းအ၀ိုင်းက ပြောသည်။

၂၀၂၃ ခုနှစ်တွင် ကကနကောင်စီ( ကာကွယ်ရေးဌာနကောင်စီ)၏ အထူး အမိန့် အမှတ် ၆/အထူး/၂၀၂၃ ဖြင့် စစ်သားများအားလုံး ၂၄ နာရီ တာဝန် ထမ်းဆောင် ရသည့်အတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ကို လစဉ် လစာ အပြင် ငွေကျပ် ငါးသောင်း ခံစားပြုခဲ့ကြောင်း၊ ယင်းနောက် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ လစာအပြင် သက်စွန့်စရိတ်ကို ငါးသောင်းအစား ၁ သိန်း အထိ တိုးမြှင့် ခံစားခွင့်ပေးရန် မင်းအောင်လှိုင်က ခွင့်ပြုထားကြောင်း သိရှိရ သည်။

အကြမ်းဖက်မင်းအောင်လှိုင်က စစ်သားများ နည်းပါးနေမှု၊ စစ်သားပြုန်း တီး အင်အား မြင့်မားနေခြင်းကို ကုစားရေးနှင့် တပ်သားသစ်များ ရရှိရေး နည်းလမ်း မျိုးစုံအသုံးပြုနေသော်လည်း လက်ရှိအချိန်အထိ စစ်တပ် အတွင်းသို့ ဝင်ရောက် လိုသူ မရှိသလောက်ဖြစ်နေ ကြောင်း၊ ထို့ကြောင့် နယ် ဒေသ ကျေးရွာများမှ တောင်သူလယ်သမား အိမ်ထောင်စုများကို မဲနှိုက်ခိုင်းပြီး မဲပေါက် သူသည့် အိမ်ထောင်စုမှ အမျိုးသား ၁ ဦးကို မဖြစ်မနေ စစ်မှုထမ်း ခိုင်းသည့် နည်းလမ်း ဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်ရန် ညွှန် ကြား ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article