27 C
Yangon

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး၊ မင်းပြားတွင် ၁ဦးဒဏ်ရာရ

Must read

ကျောက်တော်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၂ ဦးသေဆုံး၊ မင်းပြားတွင် ၁ဦးဒဏ်ရာရ

ရန်ကုန် ဇန်နဝါရီ ၁၀

ရခိုင်ပြည် မင်းပြားနှင့် ကျောက်တော်မြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၁၀ ရက် နေ့၌ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ထိ ခိုက်ဒဏ်ရာ ရရှိထားကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာသို့ ယနေ့ အာရုဏ်တက်ချိန်နံနက် ၄ နာရီဝန်းကျင်ခန့်အချိန် ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းက ပစ် ခတ် သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု ဒေသပြည်သူ တစ်ဦးကပြောသည်။

“ကန်ဇောက်တောင်အောက် အမြောက်တပ်ကပစ်တာ။ ၂ ယောက်သေပါတယ်။ တစ်ယောက်က နေရာမှာပဲ သေတယ်။ တစ်ယောက်က နီးစပ်ရာ ဆေးခန်း ကိုပို့တဲ့ အချိန်မှာသေတယ်။ တိုက်ပွဲ ဖြစ်တာမရှိဘဲ ပစ်တာပါ” ဟုပြောသည်။

သေဆုံးသူ ၂ ဦးမှာ အသက် ၇၀ ကျော်အရွယ် ဦးအထွန်းချေနှင့် အသက် ၅၀ ကျော်အရွယ် ဦးဒမောက်တို့ ဖြစ်ပြီး ဒဏ်ရာရရှိသူကို နီးစပ်ရာ ဆေးခန်းသို့ ပို့ဆောင်ထားကြောင်းသိရသည်။

မင်းပြားမြို့တွင်လည်း ယမန်နေ့ ဇန်နဝါရီ ၉ ရက်ညဉ့် အချိန်မှစ၍ စစ်ကောင် စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ယနေ့ နံနက် ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၁ ဦးထိခိုက်ဒဏ်ရာ ရရှိ ထားသည်။

မင်းပြားဒေသခံတစ်ဦးက”လက်နက်ကြီးက မနေ့ညကတည်းက ပစ်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ ပြည်တော်ဖက်က တစ်ယောက် ထိခိုက်ထားတယ်။ သူ အကူ အညီတောင်း နေပေမယ့်။ ကျနော်တို့လည်းသွားကူ လို့မရဘူး” ဟု ပြောသည်။

မြောက်ဦးတွင် ယမန်နေ့ ဇန်နဝါရီ ၉ ရက်ကလည် စစ်ကောင်စီတပ် လမ်းမှာ တွေ့ သည့် အရပ်သား သုံးဦးကို သေနတ်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ကျန်တစ်ဦး မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။

ရခိုင်နှင့် ပလက်ဝမြို့နယ်များတွင် စစ်ကောင်စီတပ်ရင်း အသီးသီးမှ မြို့နယ် အနှံ့လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးသူငယ်အများ အပါအဝင် အရပ်သား သေဆုံးမှုနှင့် ဒဏ်ရာရမှုတို့မှာ တိုးလာနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article