28 C
Yangon

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁၅ ဦး သေဆုံး

Must read

ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁၅ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း နေပြည် တော် PDF ဗျူဟာ ၁ စစ်ကြောင်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၉ ရက် နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင် ရေတာရှည်မြို့နယ်၊ ကွမ်းအုံကျေး ရွာနှင့် ရွာတောင်ဘက်ရှိ သရက်အုပ်အတွင်း တပ်စွဲနေထိုင်နေသော အကြမ်းဖက် စစ်ကောင်စီတပ် သားများကို ပုဝါနီစစ်ကြောင်းနှင့်ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်းဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အပြန်အ လှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကွမ်းအုံရွာထဲမှာပဲ စစ်တပ်က ဆက်ရှိနေသေးတယ်၊ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူး၊ အင်အားတော့ ထပ်ဖြည့်ထားတယ်၊ ဘယ်ကနေဖြည့်ထားလဲတော့ မသိရဘူး၊ နယ်မြေအနေအထားလိုက်ကြည့်တဲ့ အချိန်မှာ သူတို့နေတဲ့ ပွိုင့်တွေမှာ အင်အားတွေထပ်တိုးထားတာတွေ့ရတယ်၊ ဒီနေ့တော့ တိုက်ပွဲ မဖြစ်ဘူး၊ ဒီနေ့မနက် ၁၁ နာရီလောက်က မနေ့က တိုက်ပွဲဖြစ်တဲ့နေရာကို နယ်မြေတက်ရှင်းတာ တွေရှိတယ်၊ အခုညပိုင်းအထိ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာတွေတော့ရှိတယ်။” နေပြည်တော် PDF ဗျူဟာ ၁ စစ်ကြောင်းမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း ဆွာမြို့၊ အမှတ် ၁၉ ခြေမြန်တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် သဖန်းဇင် ကျေးရွာနှင့် ကွမ်းအုံကျေးရွာကြားသို့ လက်နက်ကြီးကျည် ၁၀ လုံး ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ သည့်အပြင် တိုက်ပွဲပြီးဆုံးပြီးနောက် ရေတာရှည်မြို့၊ အောင်ချမ်းသာကျေးရွာရှိ အကြမ်းဖက် စစ် ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ဟု ယူဆသော နေရာများကို ၈၁ မမ လက်နက်ကြီး ၁၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် PDF၊ တပ်ရင်း ၃၅၀၁ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုဘက်မှ အထိခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်း က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article