တောင်ငူမြို့ လွတ်လပ်ရေးကွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လာရောက် စစ်ဆေးသော စစ်သားများကို ထပ်မံ ဖောက်ခွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားများ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ပဲခူးတိုင်း၊ တောင်ငူမြို့ လွတ်လပ်ရေးကွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လာရောက် စစ်ဆေးသော စစ်သားများကို ထပ်မံ ဖောက်ခွဲ တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တောင်ငူမြို့ လွတ်လပ်ရေးကွင်း၌ အာဝါဒေး လောင်းကစားဝိုင်းများကို ၄ ရက် ထပ်တိုး၍ ဆက်လက် ကျင်းပနေသောကြောင့် ည ၁၀ နာရီ ၂၆ မိနစ်တွင် မိုင်ဒါကွင်းအရှေ့ဘက် မာစတာကဖီးဆိုင်အနီးတွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး လာရောက် စစ်ဆေးသော စစ်သားများကို ည ၁၀ နာရီ ၅၇ မိနစ်တွင် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ထိမှန်ဒဏ်ရာရပြီး ကျန်တပ်သားများလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်းသိရသည်။
“တောင်ငူမြို့ လွတ်လပ်ရေးကွင်း မိုင်ဒါကွင်းအရှေ့ဖက်ခြမ်းမှာ ည ၁၀ နာရီ ၂၆ မိနစ်က ဗုံးကွဲတယ်။ အသံအကျယ်ကြီး တစ်မြို့လုံးတုန်ခါသွားတယ်။ လာရောက်စစ်ဆေးတဲ့ စစ်တပ် လာတဲ့အချိန် ဗုံးထပ်ကွဲတာ ဗိုလ်ကြီး ၁ ဦးနဲ့ တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution
