26 C
Yangon

ကန့်ဘလူ၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိ

Must read

ကန့်ဘလူ၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်တပ်နှင့် ပျုစောထီး စခန်း ကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးပြီး လက်နက်များ သိမ်း ဆည်း ရရှိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေးဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာတွင် အခြေပြုထားသော စစ်ကောင်စီနှင့်ပျုစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်တပ်ရင်းများ၊ ခရိုင်ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်/ရပ် ကျေးပကဖ များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ကာဘိုင် (၈) လက်၊ G-3 (၁) လက်၊ Shoot Gun (၅) လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း ရန်သူ့တပ်ဖွဲ့ဝင် (၂၅) ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကနဦး သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article