27 C
Yangon

တောင်ကြီးတွင် MNDAA ကို ယနေ့ ကန့်ကွက် ဆန္ဒပြရန် စစ်ကောင်စီနှင့် ပအို့ ပြည်သူ့စစ်များက တစ်အိမ် တစ်ယောက် မဖြစ်မနေ လာရောက်ရန် ခြိမ်းခြောက်ခေါ်ယူ

Must read

တောင်ကြီးတွင် MNDAA ကို ယနေ့ ကန့်ကွက် ဆန္ဒပြရန် စစ်ကောင်စီနှင့် ပအို့ ပြည်သူ့စစ်များက တစ်အိမ် တစ်ယောက် မဖြစ်မနေ လာရောက်ရန် ခြိမ်းခြောက်ခေါ်ယူ

■ ဆန္ဒပြပွဲ မလာလျှင် ထောင်ချအရေးယူမည်ဟု ဖိအားပေးပြီး ဆန္ဒပြပွဲသို့ လူ ၂၀၀၀ ကျော် လာရမည်ဟု ဆင့်ခေါ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် MNDAA ကိုကန့်ကွက် ဆန္ဒပြရန် စစ် ကောင် စီ နှင့် ပအို့ ပြည်သူ့စစ်များက တစ်အိမ်တစ်ယောက် မဖြစ်မနေ လာ ရောက် ခြိမ်းခြောက်ခေါ်ယူလိုက်ပြီး မလာရောက်သော အိမ်ထောင် စုများကို ထောင်ချအရေးယူမည်ဟု ဖိအားပေး လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် MNDAA ဝတ်စုံ ဝတ်ဆင်ထားသူတစ်ဦးက စေတီကို တူဖြင့် ထုမှုနှင့်ပတ်သက်၍ MNDAA ကို ကန့်ကွက် ဆန္ဒပြရန် အတွက် စစ်ကောင်စီနှင့် ပအို့ ပြည်သူ့စစ်များက တောင်ကြီးမြို့ရှိ နေအိမ် များ နှင့် တောင်ကြီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများကို တစ်အိမ် ထောင် လျှင် တစ်ဦး မဖြစ်မနေ လာရောက်ရန် ခြိမ်းခြောက် ဖိအားပေး ခေါ်ယူ နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“တောင်ကြီးမှာ တအိမ်တယောက်မဖြစ်မနေ ဆန္ဒသွားပြရမယ်။ စစ်သားတွေ နဲ့ရွာလူကြီးတွေလိုက်ခိုင်းနေတယ်။ မသွားတဲ့သူတွေကို ထောင်ချအရေး ယူမယ် လို့ ပြောတယ် ။ စေတီတူနဲ့ထုတဲ့ကိစ္စအတွက် ကန့်ကွက်ဆန္ဒပြရမှ။ တောင်ကြီး၊ ပြည်နယ်အားကစားဘောလုံးကွင်းမှာ ဒီနေ့ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် အရောက် လူစုကြမယ်။ မြို့နယ်စစ်ကောင်စီ ဥက္ကဌက ညွှန်ကြား ချက်ပေးပါတယ်။ မလာတဲ့အိမ်တွေကို ထောင်ချမယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု တောင်ကြီးမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

MNDAA ကို ကန့်ကွက်မည့် ဆန္ဒပြပွဲသို့ ပအို့ကျေးရွာများမှ ပြည်သူများကို အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်နေပြီး တောင်ပိုင်းကျောက်တလုံးဒေသမှ လူဦးရေ ၅၀၀ ၊ မြောက်ပိုင်း စလယ်ဒေသမှ လူဦးရေ ၅၀၀ ၊ ရွှေတောင် ရပ်ကွက် မှ လူဦးရေ ၂၀၀ ၊ ကျောင်းကြီးစုရပ်ကွက်မှ လူဦးရေ ၂၀၀ ၊ ဘုရားဖြူရပ်ကွက်မှ လူဦးရေ ၁၅၀၊ ညောင်ဖြူစခန်းရပ်မှ လူဦးရေ ၁၀၀ ၊ စိန်ပန်းရပ်မှ လူဦးရေ ၁၀၀ ၊ကျန်ရပ်ကွက်ငယ်များမှ တစ်ရပ်ကွက်လျှင် လူဦးရေ ၅၀ ထက်မနည်း အသီးသီး မလိုက်မနေရ စစ်ကောင်စီက ဆင့်ခေါ်ထားကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးနှင့်ရန်ကုန်မှ မဘသနှင့် အစွန်းရောက် အမျိုးသားဝါဒီများ ကလည်း တောင်ကြီး ဆန္ဒပြပွဲကို လူထု ဆန္ဒပြပွဲပုံစံ ဖြစ်ပေါ်ရေး လာရောက် ပူးပေါင်းကြမည်ဟု သိရှိရသည်။

” မန္တလေး၊ ကျောက်ဆည် မဘသ(ခ)မျိုးချစ်ရဟန်း တွေလာမယ်။ တောင်ကြီး မြို့ ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးကိုလည်း မော်တော်ယာဉ်တွေ ပေးပြီး သံဃာတော်များလိုက်ပါရန် ပြောဆိုတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ တောင်ကြီးမြို့မှ MNDAA အပေါ် ဆန္ဒပြပွဲကို ပြည်နယ်ဘောလုံးကွင်း တွင် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် စတင် ချီတက် ထွက်ခွာမည်ဖြစ်ပြီး စုဠာမုနိ ဘုရားကုန်းသို့ လမ်းလျှောက်ဆန္ဒပြမည်ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #တောင်ကြီး #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article