36 C
Yangon

ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များ နှင့် တကွ အလင်းဝင်သဖြင့် ဆုငွေများ ချီးမြှင့်

Must read

ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များ နှင့် တကွ အလင်းဝင်သဖြင့် ဆုငွေများ ချီးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ချင်းပြည်နယ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာသဖြင့် ဆုငွေများ ချီးမြှင့်ကြောင်း ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က ထုတ်ပြန် ပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့ (ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အဖွဲ့ထံသို့ ချင်းပြည်နယ် တစ်နေ ရာမှ စစ်သား ၃ ဦးက MA1 တစ်လက်၊ MA3 တစ်လက်၊ လက်ပစ်ဗုံး ၆ လုံး၊ ကျည်ဘောက် ၆ ခု၊ ၅.၅၆ ကျည်ဆန် ၄၉၀ တောင့်တို့ကို သယ်ဆောင်လာကာ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ထံသို့အလင်းဝင်ခိုလှုံလာကြောင်း သိရှိ ရ သည်။

ပြည်သူ့ရင်ခွင်ထံသို့အလင်းဝင်ခိုလှုံလာသော အလင်းဝင်စစ်သား ၃ ဦးကို ပုလဲ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) တို့က တစ်ဦးလျှင်ငွေကျပ် ၇၀ သိန်း နှင့် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံက ၁ သိန်းကျပ်စီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ပုလဲ #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article