25 C
Yangon

ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး တော်လှန်ရေး တပ်များက မီးရှို့စစ်တပ်ကို ပြန်လည် တိုက်ခိုက်

Must read

ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး တော်လှန်ရေး တပ်များက မီးရှို့စစ်တပ်ကို ပြန်လည် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီး ကြက်ရိုးကုန်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း ဝင်ရောက် မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့အနီး ကြက်ရိုးကုန်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရွာကို အကြောင်းမဲ့လာရောက်မီးရှို့ခဲ့ကြောင်း၊ ကျေးရွာမီးရှို့သည့် စစ်ကောင်စီ စစ် ကြောင်း မှာ အင်အား ၅၀ ခန့် ရှိကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှမရှိဘဲနဲ့ကို ရွာကို အရင်ဆုံး မီးလာရှို့တာ။ ရွာမှာတော့ NUG က ဖွင့်တဲ့ စာသင်ကျောင်းမှာတော့ ပညာရေးစုံညီပွဲ လုပ်ဖို့ရာတော့ ရှိတယ်။ အဲဒီလိုလုပ်လို့ မီးရှို့ရအောင်လည်း ပညာရေးက သူတို့ကို ဘာများဒုက္ခပေးနေ လို့လဲ။ ကလေးစာတတ်မှာကို စစ်ကောင်စီဘက်က မလိုချင်လို့ ဒါမျိုး လုပ် တာ လား။ ခွေးကျင့်၊ခွေးအကြံရှိတဲ့ ဒီ စစ်ခွေးတွေတော့ တစ်သက်မကျေဘူး” ဟု ဒေသရွာသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်က ကျေးရွာကို ဝင်ရောက် မီးရှို့သဖြင့် ပြည်သူများ ထွက်ပြေး တိမ်း ရှောင်နေရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့နေစဉ် ဒေသကာကွယ်ရေးတပ်များက ပြန်လည် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

*ပြည်သူ့ရွာကို မီးရှို့နေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး။ သူတို့ ရွာကို မီးရှို့ပြီး ဘုတလင်မြို့ဘက်အပြန်မှာ ကျနော်တို့နဲ့ ထိတွေတိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲက မပြီးသေးဘူး။ အထိအခိုက်ကတော့ စစ်ခွေးတွေဘက်က အထိ နာနေတယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က ဘုတလင်မြို့တစ်ခုတည်းကိုသာ စိုးမိုး ထားနိုင်ပြီး ကျန်ရှိသော နေရာများအားလုံးကို ပြည်သူကာကွယ်ရေး အဖွဲ့ များက ထိန်းချုပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #NUG #ဘုတလင်မြို့ #စစ်ကောင်စီ #NUG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article