25 C
Yangon

မြိုင်မြို့အထွက်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ အရာတော်မြို့ရှိ အမှတ် ၅၀၀၄ သံချပ်ကာ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြိုင်မြို့အထွက်ရှိ စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး၊ အရာတော်မြို့ရှိ အမှတ် ၅၀၀၄ သံချပ်ကာ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ မြိုင်မြို့အထွက် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံး သွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ညနေ ၅ နာရီခန့်က မြိုင်မြို့အထွက်၌ အခိုင်အမာ တပ်စွဲထားသော စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ဂိတ်အတွင်း ဘန်ကာထဲရှိ ရဲ ၂ ဦးကို အသေပစ် နိုင်ခဲ့ပြီး ကျန်ရဲများကို လက်ပစ်ဗုံး ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်မှုကို မြိုင်မြို့အတွင်းမှ စစ်ကောင်စီတပ်သား ၂၅ ဦးခန့် စစ်ကူများ လာရောက်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဖြစ်ကြသော ဗိုလ်မြွေဆိုး တပ် ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၂ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နှင့် တပ်ရင်း ၁၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အရာတော်မြို့ရှိ အမှတ် ၅၀၀၄ သံချပ်ကာ တပ်ရင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း BGS Drone Force တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့၊ အမှတ် ၅၀၀၄ သံချပ်ကာ တပ် ရင်း အတွင်းသို့ ဒရုန်းဖြင့် ၁၂၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဗိုလ်ကင်းအဆောင် အတွင်း သို့ ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force ဦးဆောင်၍ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များနှ့င် မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BGSDroneForce #မြိုင်မြို့ #ပြောက်ကျားအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article