27 C
Yangon

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်

Must read

ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တဲစုရွာမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့ဘက်ကို ဦးတည်လာစဥ် မြင်းကျကျေးရွာအနီးတွင် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားသော​ကြောင့် ကျေးရွာ အနီးအနားရှိ စစ်ဘေးတိမ်းရှောင်နေသော ကျွန်းတောကြီးကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မယဥ်၊ မြင်းကျကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးလှဝင်း၊ အသက် ၅၀ ကျော် အရွယ် ဦးမြင့်ဆွေ၊ ကားဆိပ်ကျေးရွာမှ အသက် ၄၈ နှစ်အရွယ် မယဥ်မိုး နှင့် အမည်မသိ ပြည်သူ ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ညနေ ၃ နာရီခန့်တွင် ရေဦးမြို့ကို ဝင်ရောက်သွားကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ခင်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article