31.9 C
Yangon

ဆားတောင်မြို့ ရဲစခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဆားတောင်မြို့ ရဲစခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Royal Falcon Guerilla Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဆားတောင်မြို့ ရဲစခန်းရှိ ရဲများပိုက်ဆံကောက်နေစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း Royal Falcon Guerilla Force အဖွဲ့မှ ဒရုန်း ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို Royal Falcon ၊ Phoenix(SGG) ၊ Unicorn Guerilla နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Royal Falcon Guerilla Force အဖွဲ့မှ ဒရုန်း ၁ စီး ထပ်မံဝယ်ယူနိုင်ရန် အလှူငွေများ လိုအပ်နေသည့် အတွက် ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဆားတောင်မြို့ #RoyalFalconGuerillaForce #Phoenix(SGG) #UnicornGuerilla

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article