25 C
Yangon

ရှမ်းမြောက်တွင် အပစ်ရပ်သဘောတူညီပြီးနောက် ကျောက်မဲ၊ သီပေါ၊ လားရှိုး မြို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး များ ဖြင့် ပစ်ခတ်နေ

Must read

ရှမ်းမြောက်တွင် အပစ်ရပ်သဘောတူညီပြီးနောက် ကျောက်မဲ၊ သီပေါ၊ လားရှိုး မြို့နှင့် မန္တလေးတိုင်း၊ မိုးကုတ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး များ ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ် သဘော တူ ညီပြီးနောက် ကျောက်မဲ၊ မိုးကုတ်၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စစ်ကောင် စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကူမင်းသဘောတူညီချက်အရ နှစ်ဖက် တပ်များသည် ရှမ်းမြောက်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်၍ ပစ်ခတ်မှုများ မလုပ်ရန် သဘောတူညီခဲ့ကြသော်လည်း ဇန်နဝါရီ ၁၂ ရက်နေ့တွင် စစ်တပ်က ကျောက်မဲ၊ မိုးကုတ်၊ သီပေါနှင့် လားရှိုးမြို့တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်အချိန် ကျောက်မဲမြိုနယ် စစ်ကောင်စီတပ်က ပါးပုတ်ကျေးရွာသို လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၄ မိနစ်အချိန် မိုးကုတ်မြိုနယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က အထက်ညောင်ကုန်းကျေးရွာသို လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၆ မိနစ်အချိန် သီပေါမြိုနယ် စစ်ကောင်စီတပ်က မန်ဟယ်ကျေးရွာသို လက်နက်ကြီးဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် လားရှိးမြိုနယ် စစ်ကောင်စီ နမ့်ပေါင်တပ်စခန်းမှ ယနေ့ နံနက် (၉း၂၅)နာရီအချိန်တွင် ကုန်ပေါင်ကျေးရွာသို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် လားရှိးမြို့နယ် စစ်ကောင်စီတပ်က မခီနုကျေးရွာသို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ လားရှိးမြိုနယ် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ်အချိန် အီနိုင်းကျေးရွာသို လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article