25 C
Yangon

ရှမ်းမြောက်တွင် အပစ်ရေး သဘောတူညီမှု စတင် အသက်ဝင်သည့်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်နေဟု ညီနောင် ၃ ဖွဲ့ က တရားဝင် ကြေညာ

Must read

ရှမ်းမြောက်တွင် အပစ်ရေး သဘောတူညီမှု စတင် အသက်ဝင်သည့်နေ့တွင် စစ်ကောင်စီက လက်နက်ကြီး၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ် ဆောင်နေဟု ညီနောင် ၃ ဖွဲ့ က တရားဝင် ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရေးသဘောတူညီမှု စတင်အသက်ဝင်သည့်နေ့တွင် စစ်ကောင်စီ က လက်နက်ကြီးများ၊ တိုက်လေ ယာဉ် များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီမှစတင်၍ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် “အပစ်ရပ်ရေး ဟိုင်ဂင်သဘောတူညီမှု” အရ ရှမ်းမြောက်တွင် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီခဲ့ကြောင်း၊ သို့ရာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့သည် “ဟိုင်ဂင်ဆွေးနွေးပွဲ ရလဒ် အသက်ဝင်သောနေ့” ဖြစ်သော်လည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက် မှုများမှာ ဆက်လက်ရှိနေခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းမြောက်ဒေသတွင်း နမ့်ဆန်မြို့နယ်၊ ကွယ်ဟယ်ကျေးရွာကို ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်စုံ တစ်ရာမရှိဘဲ အရပ်သားပြည်သူလူထုကို ဦးတည်ပစ်မှတ်ထား၍ စစ်ကောင်စီဘက်က လေကြာင်းတိုက်ခိုက်မှု ၅ ကြိမ်တိုင်တိုင် လာရောက်ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါကျေးရွာတွင်းရှိ ပါရမီလက်ဖက်စက်ရုံမှာ ပျက်စီး ခဲ့ရကြောင်း သိရှိရသည်။

တစ်ဆက်တည်းမှာပင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်တပ် ဂျက်ဖိုက်တာက လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် စာသင် ကျောင်းအပါအဝင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း၊ အလားတူပင် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ တပ်က ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၂ ကြိမ်၊ မိုးကုတ်မြို့နယ်၊ ဖြူရောင် ကျေးရွာရှိ စစ်ကောင်စီတပ်က အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ၂ ကြိမ် နှင့် သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်မှလည်း မန်ဟယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လားရှိုးမြို့အခြေစိုက် စစ်ကောင်စီ၏ “နမ့်ပေါင်တပ်စခန်း” မှ ကုန်ပေါင်ကျေးရွာသို့ လက် နက်ကြီးဖြင့် ၆ ကြိမ်၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ မခီနုကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ ကြိမ် နှင့် အီနိုင်းကျေးရွာသို့ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ TNLA တပ်ဖွဲ့ဝင်များ။

Photo- AFP။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #ညီနောင်၃ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article