Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ MNDAA ၊ TNLA ၊ AAနဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အပစ်ရပ် သဘောတူညီပြီးနောက် ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ ကျောက်မဲ၊ မိုးကုတ်၊ သီပေါနဲ့ လားရှိုးမြို့တို့မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
– စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ ကနန်ရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရပြီးနောက် ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့် မရရှိစေဖို့ စစ်တပ်က ပိတ်ပင်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA #AA