31 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ် မောင်မောင်အေးက လက်ရှိ ပြည်တွင်းမှာ အသက် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူတိုင်းကို စစ်မှုထမ်း ဆင့်ခေါ်နေတယ်လို့ ပြောဆိုလာပြီး ၊ အုပ်ချုပ်ရေးမှူး တွေကို သတင်းမှား နဲ့ မမှန်မကန် တိုင်ကြားမှုတွေကို အရေးယူမယ်ဆိုပြီးဆိုတော့ပါ တပါတည်း ခြိမ်းခြောက်ပြောဆိုလာပါတယ်။

-အကြမ်းဖက် စစ်တပ်လက်အောက်ခံ ကိုးကန့် ရာဇဝတ် ဂိုဏ်း နှစ်ခုကို တရားစီရင်ပြီးပြီ လို့ တရုတ်နိုင်ငံ က အတိအလင်းထုတ်ပြန်လာပြီး စစ်တပ်လက်အောက်ခံ ကိုးကန့်လူမျိုး မြီနဲ့ ပယ် မိသားစုဝင် ၁၆ ဦးကို တရုတ်က သေဒဏ်စီရင် ကွပ်မျက်လိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်အထိုင်ချ နေရာနဲ့ စစ်တပ် စစ်ကြောင်း ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ရဲမှူး မြင့်နိုင်ဦး နဲ့ စစ်ဗိုလ် ၁ ဦးအပါအဝင် စုစုပေါင်း ၁၉ ဦး သေကုန်ကြတဲ့အပြင် သူတို့ဆီကနေ သေနတ် ၁၀ လက်နဲ့ ခဲယမ်းတွေပါ သိမ်းဆည်း ရရှိထားတယ်လို့ အမှတ် ၁၀၀၃ PDF တပ်ရင်းဖြစ်တဲ့ ဓနု- PDF တပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ပါကစ္စတန် နိုင်ငံက အာဖဂန်နစ္စတန် နိုင်ငံကို Open War-စစ်ကြေညာလိုက်ပြီး အာဖဂန်မြို့တော် ကဘူးလ်ကို လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article