25 C
Yangon

ပခုက္ကူနှင့် ရေစကြို မြို့နယ်တို့ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ပခုက္ကူနှင့် ရေစကြို မြို့နယ်တို့ရှိ စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ စစ်ဆေး‌ရေး ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့တွင် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရှိရသည်။

“ကျောက်လှေခါးရွာက စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ စစ်ခွေးတွေ ဘက်ကလာ်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်ပါတယ်။ ကျောက်လှေခါးက ၇ ချက်ပစ်ပါတယ်။ အရှေ့ဘုန်းကန်က ၃ လုံးပြန်ပစ်ပါတယ်။ အရှေ့ဘုန်းကန်က ကျွန်တော်တို့ ပြန်လာမှ ပစ်တာပါ။ ပြည့်သူ့ရဲဘော်တွေ အထိအခိုက် မရှိပါဘူး” ဟု မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces ၊ Urban Underground Revolution Force, King Cobra ၊ ယင်းမာပင်ခရိုင်တပ်ရင်း 3/4/5/6 အထူးချေမှုန်းရေးတပ်ဖွဲ့ ၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် Local တပ်ပေါင်းစု အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #27RevolutionForces #UrbanUndergroundRevolutionForce #KingCobra

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article