25 C
Yangon

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်

Must read

တီးတိန်မြို့နယ်၊ သိုင်းငင်းရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်စီက လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ချင်းပြည်နယ်မြောက်ပိုင်၊ တီးတိန်မြို့နယ်၊ ကလေး – ဖလမ်း – ဟားခါးလမ်းမ ဘေး သိုင်းငင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေ ဇန်နဝါရီ ၁၂ရက်နေ့ ညနေပိုင်းကနေ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲ တွေ ဖြစ်ပွားနေ တယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။

မနေ့ကညရှစ်နာရီကျော်ကတည်းက ကလေးမြို့ကနေ လက်နက်ကြီး တွေထု တာဗျာ ဒီမနက်ထိဘဲ။ မနက်ရှစ်နာရီလောက်မှာ ဗုံးလာကျဲတယ်။ ဗုံးပေါက်ကွဲ တဲ့အသံတွေကြားရတယ်” လို့ ချင်းတောင်ခြေအစပ်က ဒေသ ပြည်သူ တစ်ဦးကပြောပါတယ်။

ဒီနေ့ မနက် ၈နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က သိုင်းငင်းကျေးရွာကို လေကြောင်း ကနေ နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့အနောက်ဘက် တောင်ဖီလာတောင်ပေါ်ကနေလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကလေးဒေသ ပြည်သူတွေကပြောပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲတွေက နိုဝင်ဘာ ၂၇ ရက်နေ့ကစ ကလေး – သိုင်းငင်းလမ်းကို လုံခြုံရေးအရ သွားလာခွင့်ပိုက်ပြီး စစ်ရေးအရအရေးပါတဲ့ သိုင်းငင်းကျေးရွာစခန်းကို စခန်းသိမ်းတိုက်ပွဲဆင်နွဲနေတာဖြစ်ပါတယ်။

သိုင်းငင်းကျေးရွာက ရွာခံအားလုံးဟာ လည်း ၂၀၂၃ ဒီဇင်ဘာလဆန်း ကတည်း က ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #တီးတိန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article