25 C
Yangon

ရှောင်လွှဲမရသည့်အနေအထားအောက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ် ခဲ့ရသော်လည်း စစ်ကောင်စီက TNLA စခန်းကို အပြင်းအထန် ထိုးစစ်ဆင်၍ ယာယီနောက်ဆုတ်လိုက်ရဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်

Must read

ရှောင်လွှဲမရသည့်အနေအထားအောက်တွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ် ခဲ့ရသော်လည်း စစ်ကောင်စီက TNLA စခန်းကို အပြင်းအထန် ထိုးစစ်ဆင်၍ ယာယီနောက်ဆုတ်လိုက်ရဟု ညီနောင် ၃ ဖွဲ့ ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရှောင်လွှဲမရသည့် အနေအထားအောက်တွင် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ရသော် လည်း စစ်ကောင်စီက TNLA စခန်းကို အပြင်းအထန် ထိုးစစ်ဆင်နေ၍ ယာယီနောက်ဆုတ်လိုက် ရကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ရှမ်းမြောက်ဒေသတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန် သည် တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိနေချိန် စစ်ကောင်စီနှင့် ဖြစ်ပွား လျက် ရှိသော တိုက်ပွဲများကို ရပ်တန့်စေရမည့် အပစ်အခတ်ရပ်စဲရေးကို ရှောင်လွှဲမရ သည့်အနေအထားအောက်တွင် ပြုလုပ်ခဲ့ရကြောင်း၊ သို့ရာတွင် ယမန်နေ့တွင်လည်း စစ်ကောင်စီက ယခင်ရက်များနည်းတူ ထိုးစစ်ဆင် တိုက် ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုများကို ဆက်လက် ပြုလုပ်နေသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ရှိနေခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရယူထားပြီးဖြစ်သော ကျောက်မဲမြိုနယ်ရှိ တအာင်းတပ်မတော် (TNLA) အခြေချနေရာယူထားသည့် “ငြိမ်းချမ်းရေးကုန်း” သို့ စစ်ကောင်စီ၏ ခမရ ၅၀၁ နှင့် ၅၀၂ တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယမန်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် အပြင်းအထန် လာရောက် ထိုး စစ် ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပြည်သူလူထုလုံခြုံရေး နှင့် “ဟိုင်ဂင်သဘောတူညီမှု” ပါ စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့မှုမဖြစ်စေရေးအချက်ကို အလေးထားလိုက်နာကာ ယာယီ နောက် ဆုတ်ပေးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီအခြေစိုက်တပ်စခန်းများက ကျောက်မဲ၊ မိုးကုတ်နှင့် လားရှိုး မြို့ နယ်များ၌ တအာင်းတပ်မတော် (TNLA) ရှိရာနေရာများသို့ လက်နက် ကြီး များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article