39 C
Yangon

စစ်ကောင်စီ၏ ခန်ခတောင်ဗျူဟာစခန်း၊ မီး၀ဗျူဟာကုန်းစခန်းတို့ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိ

Must read

စစ်ကောင်စီ၏ ခန်ခတောင်ဗျူဟာစခန်း၊ မီး၀ဗျူဟာကုန်းစခန်းတို့ကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြားရရှိ

■ စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် အမြွှာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ စစ်ကောင်စီ၏ ခန်ခတောင်ဗျူဟာစခန်း၊ ပလက်၀နှင့်ကျောက်တော်မြို့နယ်အစပ်ရှိ စစ်ကောင်စီ၏ မီး၀ ဗျူဟာကုန်း စခန်းတို့ကို ရက္ခိုင့်တပ်တော် AA က အပြီးသတ် သိမ်းပိုက်ရရှိပြီး လက်နက် ခဲယမ်းအမြောက်အမြား သိမ်းဆည်း ရရှိကြောင်း ညီနောင် ၃ ဖွဲ့က သတင်း ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ လက်ကျန်ဗျူဟာ စခန်းတစ်ခုဖြစ်သော “ခန်ခတောင်ဗျူဟာစခန်း” ကို ရက္ခိုင့် တပ်‌တော် (AA) မှ အပြီးသတ်ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်း အပါအဝင် လက်နက် ခဲယမ်း အမြောက်အမြားတိုအား သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ညနေ ၆ နာရီခန့်အချိန်ကလည်း ပလက်ဝ-ကျောက် တော်အစပ်တွင်ရှိသော “မီးဝဗျူဟာကုန်း” တစ်ခုလုံးကို ရက္ခိုင့် တပ်တော် (AA) က အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ရယူ ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ၎င်း “ဗျူဟာကုန်းသိမ်း” နှင့်ဆက်စပ်သည့် နောက်ဆက်တွဲ သတင်း များကို ဆက်လက်‌ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်တစ်ဝန်းတွင် စစ်ကောင်စီတပ်က တိုက် ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး အရပ်သားထိခိုက်မှုများနှင့် ပြည်သူ များ ၏ နေအိမ်များ ပျက်စီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် စစ်ကောင်စီ၏ မြောက်ဦး အခြေစိုက် “ခမရ တပ်ရင်း” များ ဖြစ်သည့် ၃၇၇ နှင့် ၃၇၈ တို့က မြောက်ဦးမြို့ပေါ် ရပ်ကွက်များနှင့် အနီးအနား‌‌ကျေးရွာများအား လက်နက်ကြီး များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်တိုက်ခိုက် ခဲ့မှု ကြောင့် မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ နေအိမ် ၁၀ လုံးထက် မနည်း ထိမှန်ပျက်စီးခဲ့ရကြောင်း၊တစ်ပြိုင်နက်တည်း၌ စစ်တပ်၏ ဂျက်ဖိုက် တာနှင့် Y12 ရဟတ်ယာဉ်များကလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အဆိုပြုထားသည့် သမိုင်းဝင်မြောက်ဦးမြို့အား လက်နက်ကြီးများဖြင့် တမင် တကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်အချိန်ခန့်ကလည်း မင်းပြားမြို့ အခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၁) တပ်ရင်း” က မြောက်ဦးမြို့ကို လက်နက်ကြီးများဖြင့် တမင်တကာ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြောက်ဦးမြို့၊ ဘုရားပေါ်ရပ်ကွက်နေ ဒေသခံအမျိုးသား (၁) ဦး၏ ညာဘက်ခြေထောက်၌ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန်ခန့် ရက္ခိုင်ပြည်၊ ကျောက်တော် မြို့နယ်၊ ကန်စောက်‌‌ကျေးရွာကို စစ်ကောင်စီ ၏ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် “ခမရ (၅၃၉)” က လက်နက်ကြီးများဖြင့် ရည်ရွယ် ချက်ရှိရှိ ဦးတည်ပစ်ခတ်ခဲ့မှုကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ ကြောင်း၊ ယမန်နေ့ည ည ၈ နာရီကျော်အချိန် စစ်တပ်၏ Y12 လေယာဉ် က မင်းပြားမြို့အား ဦးတည်ပစ်မှတ်ထား၍ လေကြောင်းမှ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ မင်းပြားမြို့နယ်၊ အောက်ရွာပိုင်းတွင် ကျရောက်ပေါက် ကွဲခဲ့ရာမှ နေအိမ် ၁၁ လုံးထက်မနည်း မီးဟုန်းဟုန်းတောက်လောင် ပြာကျခဲ့ ရကြောင်း သိရှိရသည်။

ရက္ခိုင်ပြည်၊ စစ်တွေမြို့နှင့် အနီးအနား‌ကျေးရွာများရှိ အပြစ်မဲ့အရပ်သား ပြည်သူ များအား တမင်တကာဦးတည်ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်မှုများသည် ပိုမိုလက်ရဲဇက်ရဲဖြစ်လာနေကြောင်း ၊ ယမန်နေ့ မြောက်ဦးမြို့နယ်၊ စက်သားကျေးရွာအနီးရှိ စစ်တပ် စစ်သင်္ဘောက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်အတွင်းသို့ အတွဲလိုက်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံသက်ကြီးပိုင်းအမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း၊ အမျိုးသမီး (၁) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ၎င်းရပ်ကွက်အတွင်းရှိ နေအိမ် (၁) လုံးလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

အလားတူပင် ယမန်နေ့၊ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ လက်ပံကျေးရွာမှ သက်ကြီးပိုင်းဒေသခံအမျိုးသမီး ၁ ဦးသေဆုံးခဲ့ရပြီး ကလေးငယ် ၁ ဦးနှင့် သက်ကြီးပိုင်းအမျိုးသား ၁ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် မင်းပြားမြို့နယ်၊ ပိုက်သည်ကျေးရွာရှိ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည့် မွတ်ဆလင်ကလေးငယ် ၂ ဦးအနက် ၁ ဦးသည်လည်း ယမန်နေ့၊ နံနက်တွင် ဆုံးပါးသွားခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်မှစ၍ စစ်ကောင်စီ၏ ရသေ့တောင်မြို့နယ်ရှိ “ရီစိုးချောင်းဗျူဟာ” အခြေစိုက် “တပ်မ ၂၂ လက်အောက်ခံ” တပ်ရင်းဖြစ်သည့် “ခမရ ၂၀၃ ” က ပြိန်းတော၊ ကုန်းတန်း၊ သမီးလှ၊ ကျောက်ရံသာစည်နှင့် ကျောက်ကုန် ဘုတ် စသော အရပ်သားပြည်သူများနေထိုင်ရာကျေးရွာများသို့ မည်သည့်ထိတွေ့တိုက်ပွဲမျှ မဖြစ်ပွားဘဲ လက်နက်ကြီး၊ အတွဲလိုက်ဒုံးများဖြင့် တစ်ညလုံးအဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း သိရှိရသည်။

တစ်ချိန်တည်းမှာပင် ရန်သူ့ “ဘူးသီးတောင်ဗျူဟာ” ကလည်း အလားတူ ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ထိုသို့ “ရီစိုးချောင်းဗျူဟာ” က အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည် ၁ လုံးမှာ ပြိန်းတော ကျေးရွာ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ အပြင်း အထန်ရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ရကာ ကျွဲ ၃ ကောင်လည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ယမန်နေ့၊ ည ၈ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ၏ ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် “ခမရ (၅၃၉)” က လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောက်‌တော်မြို့နယ်၊ ကံသုံးဆင့် (မြို) ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ဒေသခံမြိုအမွှာမောင်နှမ ၂ ဦးတို့ သေဆုံးခဲ့ရကြောင်း၊ ထို့ပြင် စစ်တပ်၏ လက်နက် ကြီးနှင့် လေကြောင်းအပြင်းအထန်တိုက်ခိုက်မှုများကြောင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ လူနေအိမ် ရွာလုံးကျွတ်နီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် သပြေညိုရပ်ကွက်ရှိ နေအိမ်အချို့လည်း မီးလောင်ခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရက္ခိုင့်တပ်တော် AA က လွန်ခဲ့သော ရက်ပိုင်းအတွင်း သိမ်းဆည်း ထားသော စစ်ကောင်စီ၏ တပ်စခန်းတစ်ခု။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #AA #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article