28 C
Yangon

မတ္တရာတွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်အရာရှိတစ်ဦးအပါအဝင် စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

Must read

မတ္တရာတွင် စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်အရာရှိတစ်ဦးအပါအဝင် စစ်သားတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာနှင့် ငါးလုံးပြွန်ရွာ အကြား ချောင်းမကြီးတံ တံးဘောင်ပေါ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ တစ်ဦးအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသော စစ်သားများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ကျောက်တံတား ကျေးရွာမှ ငါးလုံးပြွန် ကျေးရွာဘက်သို့ ထွက်လာသော စစ်ကောင်စီ ကားလေး တစ် စီးကို ကျောက်တံတားရွာနှင့် ငါးလုံး ပြွန်ရွာအကြား ချောင်းမကြီးချောင်း အနောက်ဘက်ဘောင်ပေါ်အရောက် မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ ရာ ယာဉ်ထိ ခိုက် ပျက်စီးပြီး ယာဉ်ပေါ်လိုက်ပါလာသူ အရာရှိအပါအဝင် အကြမ်းဖက်စစ်သားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကားကတော့ ဆက်မသွားနိုင်ဘူး၊ ရပ်သွားတယ်၊ အဲဒီကားပေါ်ကနေ ပြန်ပစ် တာတော့မရှိဘူး၊ ဖြစ် စဉ်ဖြစ်ပြီးချက်ချင်းပဲ ကျောက်တံတားဘက်နေပြီးတော့ စခတွေ ဒိုင်နာကားအပြည့်နဲ့ချက်ချင်း ရောက်လာတယ်၊ နောက်ပြီးတော့ မီးဖွင့် မောင်းလာတဲ့ လူနာတင်ယာဉ်တစ်စီးလည်း ရောက်လာ တယ်၊ ကျနော်တို့ နောက်ဆက်တွဲ သိရမှုကတော့ ထိတဲ့အထဲမှာ အရာရှိတစ်ယောက်ပါတယ်လို့ တော့ သိရတယ်၊ ဒါပေမယ့်လို့ ဘယ်နှစ်ယောက်ထိတယ်၊ ဘယ်လောက် သေတယ်ဆိုတာတော့ အတိ အကျမသိရသေးဘူး” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီ တပ်သား အင်အားအများအ ပြားဖြင့် တပ်စွဲထားသည်မှာ ၉ လခန့် ကြာမြင့် ပြီဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက တောင်သမန်စစ် ဆင်ရေးအနေဖြင့် ကျောက် တံတားကျေးရွာစစ်ကောင်စီတပ်စခန်းကို ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ကျောက်တံကျေးရွာမြောက်ဘက်ရှိ ငါးလုံးပြွန် ကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်က ထပ်မံအထိုင်ချတပ်စွဲခဲ့ကြောင်း သိရသည်။

“မနက်က ကားက ကျောက်တံတားကို ဈေးထွက်ဝယ်တယ်လို့သိရတယ်၊ ပြည်သူ ပိုင်တဲ့ ခွေးဘီးလူး ကားလေးကို ချောဆွဲပြီးတော့မှ ဈေးထွက်ဝယ်တယ်၊ ဈေးဝယ်ပြီးတော့အပြန် ငါးလုံးပြွန်နဲ့ ကျောက် တံ တားကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် ယနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း ၉၆ ခုကို ဖော်ဆောင်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၂၄၇ ဦးကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ် ကြောင်း သိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုင်းထိမှန်ထားသော စစ်ကား တစ်စီး။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မတ္တရာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article