25 C
Yangon

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် ထိမှန်၍ အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး

Must read

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည် ထိမှန်၍ အသက် ၁၂ နှစ်ရွယ်ကလေးငယ်တစ်ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ကလေးမြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်သော ကျေးရွာများသို့ ပစ်ခတ်ခဲ့ရာ ကြိုးကြာကွင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

” လက်နက်ကြီးက တောက်လျောက်ထုနေတာလေ။ ဘယ်သူတွေထိတယ်လို့ ကြားမရမလဲဆိုပြီး ရင်တမမနေနေရတာ။ ခုတော့ ကလေးမလေးတစ်ယောက်ထိပြန်ပြီ” ဟု ကလေးမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကလေးမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာ ကြိုးကြာကွင်း ကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မ၀ုန်ဆန်းလန်သည် ဝမ်းဗိုက် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့မှစတင်၍ ကလေးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

” လက်နက်ကြီးသံတွေကြားပြီဆိုတာနဲ့ တခြားအလုပ်တွေမလုပ်နိုင်တော့ဘူး။ ဒီအသံကြီးနားထောင်ပြီး သတိထားနေရတော့တာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကလေးမြို့နယ် #စစ်ကောင်စီ #လက်နက်ကြီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article