28 C
Yangon

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် လားရှိုးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်အင်အား ဖြည့်တင်းနေ

Must read

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် လားရှိုးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်အင်အား ဖြည့်တင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ အပစ်အခတ် ရပ်စဲထားသော်လည်း မိုးကုတ်မြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်က မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီး ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီ မိနစ် ၄၀ခ န့်က လားရှိုးမြို့နယ်စစ်ကောင်စီ တပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီး ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လေယာဥ်ဖြင့် ၁ကြိမ် စစ်ကူလူအင်အား နှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ဖြည့်တင်းခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ရှမ်းပြည်နယ် #TNLA #PSLF #စစ်အင်အား #စစ်ကောင်စီ #ညီနောင်မဟာမိတ်၃ဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article