31 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-၂လ ကျော်ကြာတိုက်ခိုက်ခဲ့ရတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တစ်ခုလုံးကို ရခိုင့်တပ်တော် AA က သိမ်းပိုက် လိုက်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီကင်းစင်မြို့နယ်အဖြစ် AA က ကြေညာလိုက်ပြီး သံချပ်ကာ ကား၊ စစ်ကား၊ အမြောက်တွေအပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိတယ်လို့ AAက တရားဝင်ထုတ်ပြန်ကြေညာပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်တို့ ကြား အပစ်အခတ် ရပ်စဲထားပေမယ့် မိုးကုတ်နဲ့ လားရှိုးမြို့နယ်တို့ကကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်မှာ MNDAA ဆီမှာ လက်နက်ချ အညံ့ခံလိုက်တဲ့ လောက်ကိုင်ဒကစက ဗိုလ်မှူးချုပ် ၆ ဦးနဲ့ဆက်စပ်ပြီး ဗိုလ်မှူးကြီးအဆင့် အရာရှိ ၆ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

-မလေးရှားနိုင်ငံ ပီနန်းပြည်နယ်က နိုက်ကလပ်တစ်ခုမှာ မော်ဒယ် ဖူးပွင့်ခိုင် ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ဖျော်ဖြေနေတဲ့ သရုပ်ဆောင် အေမီဈာန် အပါအဝင် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီးခံလိုက်ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #TNLA #AA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article