မြိုင်တွင် ပြည်သူများကို တော်လှန်ရေးအခြေအနေများ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် တော်လှန်ရေးရုပ်ရှင်များ ပြသ
ရန်ကုန်၊ ဇန်နဝါရီ ၁၆
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူလူထုကို သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုတေဇာဆန်းနှင့်တော်လှန်အနုပညာရှင်ရဲဘော်များက လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခြေအနေများအား တင်ပြစည်းရုံးသည့် ဗီဒီယိုများ ပြသခြင်းအပါအဝင် မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီဝင်များက မြေပြင်တော်လှန်ရေးအခြေအနေများနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် တော်လှန်ရေးရုပ်ရှင်များ ပြသခဲ့ကြကြောင်း သိရှိရသည်။

