27 C
Yangon

မိုးမိတ်မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူ တချို့ ပိတ်မိနေ

Must read

မိုးမိတ်မြို့ပတ်ပတ်လည်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး ပြည်သူ တချို့ ပိတ်မိနေ

■ စစ်တပ်က မိုးမိတ်မြို့ကို လေကြောင်းတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယနေ့ နံနက် ၄ နာရီမှစတင်၍ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားနေပြီး မြို့နေ ပြည်သူများ ပိတ်မိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

“တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲ ဝင်တာထင်တယ်။ မြို့ပတ်ပတ် လည်မှာ တိုက်ပွဲဖြစ်နေတယ်။ ရဲစခန်းဘက်မှာလည်း အတော်ကို ပြင်းထန်နေ တယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော။ ဒီဇန်နဝါရီလဆန်းတုန်း မြို့သိမ်းတိုက်ပွဲ ဖြစ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူတွေ တော်တော် များ များကတော့ ရှောင်ကုန်ကြပြီ။ အိမ်စောင့်၊ ဆိုင်စောင့် ကျန်တဲ့သူ ပြည်သူ တွေ ရှိသေးတယ်။ အခုက မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်နေတော့ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတယ်။” ဟု မိုးမိတ်မြို့မှ ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးမိတ်မြို့နယ်ပတ်ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ၊ TNLA နှင့် PDF တပ်များက ယခု ဇန်နဝါရီလဆန်းကတည်းက တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ကြောင်း၊ မိုးမိတ်မြို့နယ် ရဲစခန်းနှင့် တပ်ရင်း ၃ ခုကို တော်လှန်ရေး တပ်များက ဆက်လက် တိုက်ခိုက်နေကြောင်း သိရှိရသည်။

“မိုးမိတ်မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တို့ကတော့ ခုခံနေတာရှိတယ်။ တိုက်ပွဲက ပြင်းထန် လွန်းတော့ အခြေအနေက မှန်းရခက်တယ်။ စစ်တပ် ဘက်ကလည်း မြို့မကျရေး အပြင်းအထန်ကို ခုခံနေပုံရတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ရှင်းပြသည်။

လက်ရှိတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် မိုးမိတ်မြို့၊ ကြည်တော်စု ရပ်ကွက်၊ ရွှေဇာလီဘက်တို့တွင် လက်နက်ကြီးများ ကျရောက်ပြီး နေအိမ်တချို့ထိမှန်ပျက်စီးကြောင်း သိရှိရသည်။

“ကျနော်တို့မိုးမိတ်မြို့၊ ကြည်တော်စုရပ်ကွက်မှာလည်း စစ်ကောင်စီက ပစ် လိုက် တဲ့ လက်နက်ကြီးကျည်တွေကျလာတယ်။ အခုလက်ရှိ လည်း ပစ် ခတ်နေတုန်းပဲ။ အခုလက်ရှိတော့ မြို့နယ်ရဲစခန်းဘက်မှာ အတော်ကို ပြင်းပြင်းထန်ထန် ပစ်ခတ်နေတယ်။ ရွှေဇာလီဘက်မှာလည်း လက်နက် ကြီး ကျည်တွေကျလို့ ပြည်သူအိမ်တွေမှန်တယ်။ စစ်တပ်က လက်နက်ကြီး တွေနဲ့ ထု နေတာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်က မိုးမိတ်မြို့ကို လေကြောင်းတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးမိတ်မြို့ကို KIA ဦးဆောင်သော တော်လှန်ရေး တပ်များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် မိုးမိတ်မြို့ပေါ်တွင် မီးလောင်နေစဉ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA #TNLA #PDF #မိုးမိတ်မြို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article