32 C
Yangon

မင်းအောင်လှိုင်ရာထူးကဆင်းခိုင်းပြီး ဒုကာချုပ်ကို ရာထူးနေရာလွှဲပေးဖို့ လှုံ့ဆော်သည့် မဘသ၊ အမျိုးသားရေးအစွန်းရောက် ပေါက်ကိုယ်တော်ကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

Must read

မင်းအောင်လှိုင်ရာထူးကဆင်းခိုင်းပြီး ဒုကာချုပ်ကို ရာထူးနေရာလွှဲပေးဖို့ လှုံ့ဆော်သည့် မဘသ၊ အမျိုးသားရေးအစွန်းရောက် ပေါက်ကိုယ်တော်ကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်

ရန်ကုန် | ဇန်နဝါရီ ၁၉

စစ်ကောင်စီက အားပေးထောက်ခံမှုနဲ့ ပြုလုပ်တဲ့ ဘာသာရေးသွေးထိုး လှုံဆော် ဆန္ဒပြပွဲတခုမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးကဆင်းပေးပြီး ဒုစစ်ခေါင်းဆောင် ဒုကာချုပ် ကို ရာထူးလွှဲပေးရန် ပြောဆို ဟောပြောခဲ့တဲ့ မဘသဘုန်းကြီး ပေါက်ကိုယ်တော် အရိယဝံသကို အာဏာ သိမ်းစစ်ကောင်စီတပ်က ဒီကနေ့မှာ ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဘာသာရေးသွေးထိုးလှုံ့ဆော်တဲ့ ဆန္ဒပြပွဲမှာ မဘသဘုန်းကြီး အမျိုးသားရေး အစွန်းရောက် ပေါက်ကိုယ်တော်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးက ဆင်းပေးဖို့ ထည့်သွင်း ပြောဆိုခဲ့ပြီး နောက် ဒီကနေ့ နေ့လည်ပိုင်းမှာ စစ်တပ်အရာရှိတွေ ခေါ်ယူစစ်ဆေးတာခံခဲ့ရတာလို့ သိရပါတယ်။

စစ်အရာရှိတွေခေါ်ယူစစ်ဆေးတာ မှန်ကန်ပြီး စစ်တပ်ထောက်ခံသူတွေအနေနဲ့ မစိုးရိမ်ကြဖို့ကို ခေါ်ယူစစ်ဆေးခံရပြီးနောက် ပြန်လွတ်လာတဲ့ ပေါက်ကိုယ် တော် က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တိုက်ရိုက်ဗီဒီယို ထုတ်လွှင့်ပြီး ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ဟောပြောမှုကို မီဒီယာ (မူရင်းမှာ ပြည်ဖျက်မီဒီယာဟု သုံးနှုန်းပြောဆိုထား) တွေက ဖော်ပြခဲ့လို့ စစ်ဆေးခံရတာဖြစ်ပြီး မီဒီယာတွေက သူ့ကို ဖမ်းဆီးအကျဉ်းကျခံစေချင်နေကြတယ်လို့ သူက စွပ်စွဲပြောဆိုပါတယ်။

သေမှာမကြောင့်သလို ထောင်ကျမှာလည်း မကြောက်လို့ ထောင်နဲ့လည်း မခြိမ်းခြောက်ကြဖို့ သူကပြောဆိုသလို သူဟောပြောတာတွေဟာ စစ်ဗိုလ်ချုပ် တွေအတွက်မဟုတ်ဘဲ စစ်သားတွေအတွက်ဖြစ်လို့ ဟောပြောပွဲမှာ ပြောခဲ့တာတွေကို တာဝန်ယူတယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #မင်းအောင်လှိုင် #စစ်တပ်

- Advertisement -spot_img

More articles

1 COMMENT

  1. The end of Min Aung Hlaing’s regime is coming to an end he should relinquish his power and end the atrocities in Burma.

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article