32 C
Yangon

နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း၊ သတင်းများဖြန့်ဝေခြင်းကို အရေးယူ နိုင်ရေး စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော ကော်မတီ ဖွဲ့ စည်း

Must read

နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်း၊ သတင်းများဖြန့်ဝေခြင်းကို အရေးယူ နိုင်ရေး စစ်ကောင်စီက ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော ကော်မတီ ဖွဲ့ စည်း

ရန်ကုန်၊ ဇန်နဝါရီ ၂၀

အကြမ်းဖက် စစ်ကောင်စီကို ဝေဖန်ပြောဆိုသူများနှင့် နိုင်ငံရေးအရ တိုက်ခိုက် ပြောဆိုခြင်များကို အရေးယူနိုင်ရေး စစ်ကောင်စီက ကော်မတီတစ်ရပ် ဖွဲ့စည်း ထားကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများတင်ခြင်း၊မြန်မာ့ရိုးရာယဥ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသည့် မဖွယ် မရာ ပုံများ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များ တင်ခြင်း၊ နိုင်ငံရေးအရ တိုက် ခိုက်ပြောဆိုခြင်းများကို ဥပဒေကြောင်းအရ တားမြစ်နိုင်ရေး၊ ဖော်ထုတ် အရေးယူနိုင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကော်မတီတွင် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန ၊ ဥပဒေရေးရာဝန်ကြီးဌာန ၊ ပြန်ကြားရေး ဝန်ကြီးဌာန ၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံးနှင့် မြန်မာဗဟိုဘဏ် တို့မှ ဒုဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၆ ဦး နှင့် အတွင်းရေးမှူး ၃ ဦး တို့ဖြင့် ဖွဲ့စည်းထား​ကြောင်း သိရသည်။

ယင်းကော်မတီသည် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ တင်ခြင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက် ပြောဆိုခြင်း စသည့်ဆောင်ရွက်မှုဖြစ်စဉ်များကို နည်းပညာကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်သော အဖွဲ့ ဖွဲ့စည်းပြီး ၂၄ နာရီ စောင့်ကြည့်ရန်၊ အင်တာ နက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့်ကိုက် ညီ မှုမရှိသည့် မဖွယ်မရာပုံများ၊ ဗီဒီယိုများနှင့် လိင်အသားပေးကိစ္စရပ်များကို အရေးယူမည်ဟုဆိုသည်။

နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို ပို့စ်တင်ခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေ ခြင်း၊ အားပေးအားမြှောက်ပြုခြင်းများ ဆောင်ရွက်နေမှုအပေါ် နည်းပညာအရ ရှာဖွေဖော်ထုတ်ပြီး တားမြစ်ရန်၊ ကျူးလွန်သူများအား တည်ဆဲဥပဒေများ နှင့်အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆောင်ရွက်သွားရန်ဟု သိရှိရ သည်။

ထို့ပြင် အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားဖော်ပြနေမှုများအတွက် အဖွဲ့ဖွဲ့စည်းပြီး တန်ပြန် ဆောင်ရွက်ရန်၊ ကျူးလွန်သူများအသုံးပြုလျက်ရှိသော တယ်လီဖုန်းနံပါတ်များ ပိတ်သိမ်းနိုင်ရေးငွေရေးကြေးရေး ကိစ္စရပ်များအတွက် ၎င်းတို့အသုံးပြုလျက်ရှိသော ဘဏ်အကောင့်များ၏ အချက်အလက်များ၊ ငွေသွင်း၊ ငွေထုတ်မှတ်တမ်းများရယူခြင်းနှင့် ဘဏ်အကောင့်များ ယာယီ တားဆီးခြင်းပြုလုပ်နိုင်ရေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုဘဏ် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက် သွားရန်၊ ကျူးလွန်မှုများအပေါ် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများက တားမြစ် ပေးနိုင်ရေးအတွက် ကန့်ကွက်စာ၊ အကြောင်းကြားစာများ ပေးပို့ ဆောင်ရွက်ရန် ၊ ကျူးလွန်သူများကို သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းမှ တည်ဆဲ ဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူ နိုင်ရေး အကြောင်းကြားရန် စသည့် အချက်များကို ကော်မတီက လုပ်ဆောင်ရမည်ဟု သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #နိုင်ငံရေး #စစ်ကောင်စီ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article