22.9 C
Yangon

ဂန့်ဂေါ နှင့် ဖြူးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ဂန့်ဂေါ နှင့် ဖြူးမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများထံမှ သိရှိ ရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် ဂန့်ဂေါမြို့ပေါ်တွင် စစ်တပ်က ရမ်း သမ်း ပစ်ခတ်သဖြင့် ပြည်သူများနေထိုင်ရာ နေရာသို့ ကျရောက်ပြီး ကလေး ငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း နှစ်ဦးသေဆုံးကြောင်း သိရှိရသည်။

“မြို့ပေါ်ကို စစ်တပ်က ပစ်လို့ သေဆုံးတာပါ။ လက်နက်ကြီးနဲ့ ထိမှန် ပေါက် ကွဲပြီး သေဆုံးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ပဲခူးတိုင်း၊ ဖြူးမြို့ နယ်၊ ဘောလုံးကွင်းတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်သဖြင့် ဖြူးမြို့နယ် ကုန်းအင်းကျေးရွာမှ ပြည်သူတစ်ဦး လက်နက် ကြီး ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ဖြူးမြို့ ဘောလုံးကွင်းထဲကနေ ဖြူးမြို့အရှေ့ဘက်ကရွာတွေကို တိုက်ပွဲမဖြစ်ဘဲနဲ့ နေ့တိုင်း ညတိုင်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ဇန်နဝါရီ လ ၁၆ ရက်နေ့ ညပိုင်းမှာတော့ ကုန်းအင်းရွာက ပြည်သူတစ်ဦး လက်နက်ကြီး အစထိမှန်ဒဏ်ရာရပါတယ်။ အခြေအနေဆိုးပါတယ်။ နေ့ရော ညပါ စစ်တပ်က လက်နက်ကြီးပစ်မှာကို ကြောက်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article