25 C
Yangon

သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သားသစ် ၉ ဦး လက်နက်နှင့်အတူ ထွက် ပြေးမှု ၆ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မသေမရှင်ဖြစ်နေစဉ် မီးရှို့ အလောင်းဖျောက်၊ ၁ ဦးအရှင်ဖမ်းမိပြီး ၂ ဦးလွတ်မြောက်နေဆဲ

Must read

သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သားသစ် ၉ ဦး လက်နက်နှင့်အတူ ထွက် ပြေးမှု ၆ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးပြီး မသေမရှင်ဖြစ်နေစဉ် မီးရှို့ အလောင်းဖျောက်၊ ၁ ဦးအရှင်ဖမ်းမိပြီး ၂ ဦးလွတ်မြောက်နေဆဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ တပ်သား သစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြရာ စစ်တပ်က စစ်သား ၆ ဦးကို ပစ်ခတ် ပြန်လည် ဖမ်းဆီးရရှိပြီး သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို မီးရှို့အလောင်းဖျောက်ဖျက်မှုများ လုပ်ဆောင်ကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် သထုံမြို့နယ် အမှတ် ၉ လေ့ကျင့်ရေးတပ် မှ တပ်သားသစ် ၉ ဦးသည် လက်နက်နှင့်အတူ ထွက်ပြေးကြကြောင်း၊ စစ် တပ်က အဆိုပါ တပ်သားသစ် ၉ ဦးကို လိုက်လံ ဖမ်းဆီးရာ ယမန်နေ့ နေ့လယ် ပိုင်းတွင် တပ်သားသစ် ၂ ဦးကို ပစ်ခတ်လိုက်သဖြင့် အသေဖမ်းဆီးရရှိကြောင်း၊ ယမန်နေ့ ညနေပိုင်းတွင် တပ်သားသစ် ၄ ဦးကို စစ်တပ်က ထပ်မံ ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် သေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကို သထုံ မြို့ နယ်၊ ကတိုက်ကြီးကျေးရွာ လယ်ကွင်းတွင် မီးရှို့ အလောင်းဖျောက် ဖျက် ကြောင်း သိရှိရသည်။

“မနေ့မနက်ပိုင်း သထုံ လေ့ကျင့်ရေး ၉ တပ်မှ တပ်သား ၉ ဦး လက်နက်နဲ့အတူ ထွက်ပြေးကြတာ။ အောက်ကွင်းဇုန်သို့ ထွက်ပြေးကြတယ်။ အဲဒါ နယ်မြေ မကျွမ်း ကျင်တော့ လယ်ကွင်းထဲ ထွက်ပြေးကြတယ်။ အဲဒီမှာ ၂ ဦးကို ပစ်ခတ် ဖမ်းတာ ပွဲချင်းပြီးသေတယ်။ ညနေပိုင်းမှာ ၄ ဦးကို ထပ်ပြီး ပစ်ခတ်ဖမ်းတယ်။ အဲဒီမှာ စစ်သား ၄ ဦးမှာ ၁ ဦးက ဝမ်းဗိုက်ကျည်ထိထားတယ်။ ၂ ဦးက ရင်ဘတ် ကို ကျည်ထိတယ်။ ၁ ဦးက ခေါင်းကိုထိထားတယ်။ အဲဒါ သေဆုံးသူ ၂ ဦးရော၊ မသေမရှင်ဒဏ်ရာရသူတွေကိုပါ တစ်ခါတည်း ရောပြီး မီးရှို့လိုက်တယ်။ ကတိုက်ကြီးကျေးရွာ လယ်ကွင်းထဲမှာ ရှို့တာ” ဟု တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

သထုံမြို့နယ်၊ လေ့ကျင့်ရေး ၉ တပ်မှ ထွက်ပြေးကြသည့် တပ်သားသစ် ၉ ဦး သည် ပဲခူးနှင့်ဧရာ၀တီတိုင်းမှ ဖြစ်ပြီး ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ ရောက်ရှိ လာ သည့် တပ်သားသစ်များဖြစ်ကြောင်း၊ အသက် ၂၀ ဝန်းကျင်သာရှိပြီး နယ်မြေ မကျွမ်းကျင်ချိန် ထွက်ပြေးကြရာမှ စစ်တပ်က ပြန်လည် ဖမ်းဆီးရ ရှိခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၁ ဦး အရှင်ဖမ်းမိသွားပြီး ကျန် ၂ ဦးမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမှတ် ၉ လေ့ကျင့်ရေးတပ်မှ တပ်သားသစ်တချို့၏ စစ်ရေးပြ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article